19

2.6K 212 2
                                    

"အန်ကယ် ကျွန်တော့်အမေနဲ့သမီးလေး"

"စိတ်မပူနဲ့ လုံခြုံတယ် ငါမင်းကိုကျေးဇူးတင်လို့တော့မဟုတ်ဘူး ငါသားသမီးချင်းကိုယ်ချင်စာလို့ မင်းရဲ့သမီး ပညာစုံတဲ့အထိငါစောင့်ရှောက်ပေးမယ်"

"ကျေးဇူးတင်ပါတယ်"

"ဧည့်တွေ့အချိန်စေ့ပါပြီ"

အစောင့်ရဲသားရဲ့စကားအဆုံးမှာ ရှောင်းရဲ့အဖိုးကထပြန်မည်အလုပ်

"ကျွန်တော့်သမီးလေးနဲ့နောက်ဆုံးတစ်ခေါက်လောက်ထပ်တွေ့လိုရမလား"

"ငါခွင့်မပြုဘူး ဒါကငါမင်းကိုပေးတဲ့ပြစ်ဒဏ်ပဲ သူမကလဲမင်းရဲ့သမီးဖြစ်နေလို့အဲ့ဒီရလဒ်ကိုခံစားရမယ်"

ရှောင်းရဲ့အဖိုးကပြတ်သားစွာပြောပြီး ပြန်သွားတယ်။ကျင်းယီမျက်ရည်တွေစီးကျလာတယ်။ ဒါသူ့အပြစ်ပဲလေ ဒီလောက်လုပ်ပေးတာပဲကျေးဇူးတွေအများကြီးဖြစ်နေပြီ။ တကယ်လို့ထောင်ထဲကနေ ထွက်ဖို့အခွင့်အရေးသာရှိခဲ့ရင် ဒီမိသားစုကိုပေးဆပ်ချင်ပါသေးတယ်။
----

"စစ်ရန် လူသတ်မှုအလောင်းဖျောက်မှုနဲ့ ဝရမ်းထုတ်ထားလို့ စခန်းလိုက်ခဲ့ပါ"

"ဟို သူသူမရှိပါဘူး ကလေးတွေနဲ့ ခရီးထွက်သွားပါတယ်"

စစ်ရန်မိန်းမရဲ့အပြောကို မှုခင်းရဲတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အချက်ပေးကာ အပြင်ခနထွက်ပြီးဖုန်းပြောနေတယ်။...

"ဒီကစစ်ရန်ရဲ့ အမျိုးသမီးလား"

"ဟုတ် ဟုတ်ပါတယ်"

"မေးခွန်းလေးတွေမေးစရာရှိလို့ စခန်းကိုလိုက်ပေးပါ"

"ဘာ ဘာလုပ်လို့လဲရှင် ကျွန်မတို့ကရိုးရိုး..."

"စခန်းရောက်မှ ပြောပါ"

တစ်ချိန်ထဲမှာပဲ ရဲတွေက အချိန်တိုတွင်း စစ်ရန်ကို မြို့ပြင်မထွက်ခင်ဖမ်းမိသွားတယ် ။သူ့ကလေးနှစ်ယောက်က အစကတည်းကသူတို့နဲ့နေတာမဟုတ်ပဲ သူတို့အဖိုးအဖွားတွေနဲ့ တခြားမြို့တစ်မြို့မှာနေတာဖြစ်တယ်။
-------
"ရိပေါ်ကော"

"ဟင် စီစီ"

"အဒေါ်နဲ့ဦးလေးအစား စီစီတောင်းပန်ပါတယ်"

🍓Mine🍓(Completed)Wo Geschichten leben. Entdecke jetzt