3

2.9K 262 6
                                    

"Daddy လေးလေးစစ်ရန်ဆီခနသွားမယ်"

"Daddy စိတ်မချဘူးရှောင်း ရုံးခန်းထဲမှာပဲနေ"

"အဆောက်ဦတစ်ခုတည်းမှာပဲဟာကို CCTV တွေလည်းရှိတာပဲ ပြီးတော့ သူကရှောင်းရဲ့လေးလေးလေ"

ဖြူစင်လွန်းတဲ့ကလေးကို စိတ်ညစ်စရာတွေမပေးချင်တာကြောင့် ရိပေါ်ခွင့်ပြုလိုက်တယ်။ သူ့ဦးလေးက သူ့အပေါ်ဘယ်လိုသဘောထားလဲဆိုတာသိရင်သူစိတ်မကောင်းရုံပဲ ရှိနေမှာ။
------
"ဒေါက် ဒေါက် ဒေါက်"

"ဆရာ ဆရာ့တူလေးလာတွေ့တယ်"

တူလေးဆိုတော့ စစ်ရန် မျက်ခုံးတစ်ချက်တွန့်သွားပြီး။

"ဝင်ခိုင်းလိုက်"

"လေးလေး"

"အင်း ရှောင်းဘာကိစ္စရှိလို့လဲ"

"လေးလေးကရှောင်းကိုချစ်တယ်မဟုတ်လားဟင်"

ထိုစကားကြောင့် စစ်ရန်မျက်လုံးလေးဝင်းလက်သွားတယ်။ ဟုတ်တယ် ဒီကလေးလေးကိုသူချော့ပြီး အလိုလိုက်ရင် သူနဲ့လာနေဖို့ဖြစ်လာမှာပဲ သူ18နှစ်ပြည့်ရင်လည်း အမွေတွေပြန်လွှဲယူလို့ရနေပြီပဲ သူစိမ်းတစ်ယောက်ကိုတောင်အဲ့‌ ‌ ‌ေလာက်သံယောဇဉ်တွယ်ပြီး မေတ္တာငက်နေတဲ့ ကလေးက ကိုယ့်သွေးသားတော်စပ်သူတစ်ယောက်ကို ဘာလို့မခင်တွယ်နိုင်ရမှာလဲ။

"လေးလေးကရှောင်းကိုချစ်တာပေါ့ ရှောင်းကိုတောင်အိမ်ခေါ်ထားချင်တာ"

"ရှောင်းလဲလေးလေးကိုချစ်တယ်"

"ဟုတ်ပါပြီ"

"လေးလေး ရှောင်းက ခရင်များများနဲ့ကိတ်မုန့်ကြိုက်တာသိတယ်မလား"

"အင်း သိတာပေါ့"

"လေးလေးကိုယ်တိုင်ဝယ်ပေးတဲ့ ကိတ်လေးစားချင်တယ်။ လေးလေးကဘယ်လိုအရသာလေး ရှောင်းအတွက်ရွေးပေးမလဲသိချင်လို့"

*ကျစ် ရှုပ်လာပြီကွာ အာရုံနောက်လိုက်တာ*

"ဒါပေါ့ လေးလေးအောက်ထပ်မှာသွားဝယ်ပေးမယ်ခနစောင့်"

"ဟုတ်"

စစ်ရန်စိတ်ထဲမှာ မကျေနပ်ပေမယ့် အပြင်မှာတော့ သွားဝယ်ပေးလိုက်တယ်။

🍓Mine🍓(Completed)Où les histoires vivent. Découvrez maintenant