15

2.5K 222 3
                                    

ဘယ်သူမှမရှိတဲ့အဆောက်ဦပျက်ကြီးတစ်ခုထဲမှာ အနက်ရာင်ဝတ်စုံဝတ်ထားတဲ့ လူဆယ်ယောက်ရဲ့ အလယ်မှာတော့ ကြိုးတုတ်ပြီးဒူးထောက်ထားတဲ့လူ‌တစ်ယောက်က ရှောင်းကိုဆီးကြိုနေတယ်။

"ကျင်းယွင် ခင်ဗျားပြေးနေရတာ ပျော်ရဲ့လား"

ရှောင်းကတဖြည်းဖြည်း အနားကိုကပ်လာကာကျင်းယွင်ရဲ့မေးကိုဆွဲမော့ပြီးပြောတယ်။

"ကျွန် ကျွန်တော့်အမှားတွေကို ဝန်ခံချင်တာကြာပါပြီ ဒါပေမယ့်ကျွန်တော်မရှိရင် ကျွန်တော့်အမေနဲ့ သမီးလေး ဒုက္ခရောက် ..."

"တောက်!ခင်ဗျားကျုပ် အဖေနဲ့အမေကိုသတ်တုန်းက ဒီလိုတွေးခဲ့လား "

"တ တကယ်ကိုမသိခဲ့တာပါ။ သူခိုင်းတာပဲလုပ်ခဲ့တာပါ ။သတ်ခိုင်းတဲ့နှစ်ယောက်လုံးက လင်မယားဆိုတာလဲ မသိပါဘူး။ သားလေးရှိမယ်မှန်းလဲမသိပါဘူး ။ဒီအတိုင်းသူတို့သွားတဲ့ လမ်းမှာဖြတ်ပြီးလုပ်ကြံခဲ့တာပါ"

"ဒီ လောက်ပဲ လား ဟာ့ ဒီလောက်ပဲလား မင်းဘာမှ မသိခဲ့တာနဲ့ ငါမိခင်ရင်ခွင်ထဲမှာနို့စို့ပြီး မကြီးပြင်းခဲ့ရဘူး ။ကိုယ့်ဘာသာကောင်းကောင်း ဘာမှမလုပ်တတ်သေးတဲ့ ၁၀နှစ်သားအရွယ်လေးနဲ့ အဖေကိုထပ်ဆုံးရှုံးခဲ့ရတယ် တရားလား"

ရှောင်းကျန့်က အကြီးအကျယ် ငိုယိုကာ ဘေးကရှိသမျှ ပစ္စည်းစုတ်တွေကို တင်းနစ်တုတ်နဲ့ ရိုက်ပစ်နေတယ်။

"အခုကျွန်တော် ပေးဆပ်ပါ့မယ် ဒီလူကခုထိအသက်ရှင်နေသေးတယ် ။မဟုတ်ရင် အစ်ကိုလေးရဲ့အသက်အန္တရာယ်ကိုပါထိပါးလာလိမ့်မယ်"

ကျင်းယွင်ကပြောတော့ ရှောင်းကသူ့ရှေ့ကိုတိုးလာကာ စိုက်ကြည့်ပြီး.....

"ကျုပ်ကိုစိတ်လာပူမပြနဲ့ ကျုပ်ကခင်ဗျားလိုဘာမှ မသိပဲငွေရရင်ပြီးရောလုပ်တဲ့ကောင်မဟုတ်ဘူး။ဒါနဲ့ငါ့မိဘတွေကိုသတ်ပြီး ချမ်းသာနေမှာပဲနော်"

"ကျွန်တော် လူရောစိတ်ရောတစ်ရက်မှမချမ်းသာခဲ့ပါဘူး အဲ့ဒီကိစ္စတွေပြီးရင် ကောင်းကောင်းရပ်တည်နိုင်အောင်လုပ်ပေးမယ်ဆိုပြီး ကျွန်တော့်ကိုကတိပေးခဲ့တယ် ဒါပေမယ့် CCTV ပျောက်သွားတယ်တဲ့ ကျွန်တော်လုပ်ကြံတာလဲနောက်ကျလို့ သူအမွေတွေမရလိုက်ဘူးဆိုပြီးကျွန်တော့်ကို ငွေအပြည့်ရှင်းမပေးဘူး..."

🍓Mine🍓(Completed)Tempat cerita menjadi hidup. Temukan sekarang