7

2.7K 248 4
                                    

ရှောင်းမျက်လုံးလေးတွေတဖြည်းဖြည်း ပွင့်လာတဲ့အခါမှာတော့ မျက်နှာကျက်အဖြူကြီးကို စတင်ပြီးတွေ့လိုက်ရတယ်။သူအရမ်းပင်ပန်းသလိုခံစားရ‌တာကြောင့် မျက်လုံးတွေကိုအသာလေးပြန်ပိတ်လိုက်စဉ်......

"ရှောင်း!.....daddy နောက်ဆိုမိန်းကလေးတွေနဲ့ပတ်သတ်ပြီးရှောင်းကို မအော်တော့ပါဘူး"

ထိုစဉ်ရှောင်းကဖြေးညှင်းစွနဲ့ တိုးတိုးလေးပြောလာတာက....

"daddy အော်ရုံမကလို့ သေတဲ့အထိရိုက်လဲကျွန်တော် ဂရုမစိုက်ဘူး..ကျွန်တော်ဂရုစိုက်တာက daddy ကျွန်တော်ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ရဘူး"

"ချစ်တယ် ချစ်တယ် ချစ်တာမို့လို့ နောက်တစ်ခါဒီလိုတွေထပ်မလုပ်နဲ့ daddy သေသွားလိမ့်မယ်"

*ကျွန်တော်က ချစ်သူလိုချစ်တာပဲလိုချင်တာ*

ရှောင်းကစိတ်ထဲမှာသာပြောလိုက်ပြီး နုတ်ခမ်းလေးတစ်ချက်တွန့်ရုံပြုံးကာ တစ်ဖက်ကိုလှည့်သွားလိုက်တယ်။

*အရမ်းနာကျင်တာပဲ ဒီရင်ဘက်ထဲကဘယ်လိုမှမခံနိုင်တော့ဘူး daddy ကိုဖွင့်ပြောတော့မယ်*

-----
ကျိရန်က....

"ရိပေါ် မင်းရဲ့သားလေးကို သေချာဂရုစိုက်ဖို့လိုနေပြီ...."

"ကျိရန်...."

"အတွေးလွန်ခြင်းဟာ စိတ်ရောဂါဆီ ဦးတည်တယ် ရိပေါ် "

အကြောင်းအရာတစ်ခုကို မကောင်းတဲ့ဘက်ကနေ ထပ်ခါထပ်ခါ တွေးနေမိတဲ့ အတွေးလွန်ခြင်း၊ ဖြစ်ပြီးသားကိစ္စကနေ မရုန်းထွက်နိုင်ဘဲ အတွေးလွန်နေခြင်းနဲ့ မဖြစ်ရသေးတဲ့ကိစ္စကို ကြိုတင်စိုးရိမ်ပူပန်ပြီး အတွေးလွန်နေခြင်းဆိုပြီး အတွေးလွန်ပုံစံ နှစ်မျိုးရှိတယ်။

အဲ့လို အတွေးလွန်ခြင်းရဲ့ အဓိကဆိုးကျိုးတွေကတော့

1. စိတ်ဖိစီးမှု အလွန်အမင်း မြင့်တက်လာမယ်။

2. မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာမယ်။

3. မှတ်ဉာဏ်မကောင်းတော့ဘဲ မေ့လျော့လာမယ်။

4. အားငယ်စိတ်တွေ ပိုများလာမယ်။

5. ကိစ္စတိုင်းကို မကောင်းတဲ့ဘက်ကပဲ စဉ်းစားလာမယ်။

🍓Mine🍓(Completed)Opowieści tętniące życiem. Odkryj je teraz