20

2.8K 233 15
                                    

🌞🌞
ရှောင်းကြောင့်သူလက်ကျိုးသွားရတယ်ဆိုတော့ ပိုအားနာသွားရတယ်။ ရှောင်းရာယ်ဆိုးလိုက်တာ မသိခဲ့တဲ့ကိုယ်ကပဲညံ့တာပါ အခုကစပြီးရှောင်းကိုဖြည်းဖြည်းချင်းပြင်ပေးမှရတော့မယ် ။ဒီလိုလုပ်ရတယ်ဆိုတာကလည်း ရှောင်းစိတ်သက်သာရာ ရစေဖို့ပါ ကိုယ်ကအစကတည်းက မိန်းကလေးတွေနဲ့ရောယှက်တတ်တဲ့သူမဟုတ်ပါဘူး။ ရှောင်းရဲ့အတ္တတွေကိုတော့ ကိုယ်သဘောမကျဘူး။
ရိပေါ်က ကုတင်ပေါ်မှာ ငူငူလေးထိုင်နေတဲ့ရှောင်းကိုကြည့်ကာ ထိုသို့တွေးပြီး အလုပ်ကိုသွားမည်အပြု

"Daddy "

"......."

"ဒီရင်ထိုးလေး daddyအတွက်ဝယ်ထားတာ"

ရှောင်းကပြောပြောဆိုဆို ရင်ဘက်လေးကိုထိုးပေးလိုက်တယ်။

"ကျေးဇူးပဲရှောင်း ကောင်းကောင်းနေနော်"

"ဟုတ် daddyလည်းဂရုစိုက် ပြွတ်"

အလုပ်သွားခါနီးပါးလေးကိုနမ်းသွားတဲ့ကလေးလေးကိုပြန်ပြီး ယုယချင်ပါတယ်..ဒါပေမယ့် .....

"Daddy သွားပြီရှောင်း"

*Daddy မမှားပါဘူး မသိတော့ဘူး တခြားမိန်းကလေးတွေနဲ့ပတ်သတ်တာကိုရှောင်း မကြိုက်တာမဟုတ်ဘူး အရာရာအောင်မြင်နေတဲ့daddyကိုရှောင်းကာကွယ်ပေးချင်တယ် ။ရှောင်းရဲ့daddy ကိုရှောင်းဆီကလုယူမသွားဘူးမပြောနိုင်ဘူး ။ရှောင်းမှားလား အဲ့လိုဖြစ်တာရှောင်းမှားလား daddy အရှေ့ကသွားရင် အနောက်ကမိန်းမတွေက တီးတိုးတီးတိုးနဲ့ မှန်းပြီးအားရနေတာ ရှောင်းမကြိုက်ဘူး။ရှောင်းအမှားဆိုလဲ အဲ့အမှားအတွက် ပြစ်ဒဏ် ရှောင်းခံမယ်။ရှောင်းကိုအရူးလို့မြင်လဲဂရုမစိုက်ဘူး daddy..

ရိပေါ်ထွက်သွားတာနဲ့ရှောင်ကျန့် အနက်ရောင် long coat အရှည်ကိုဆွဲယူဝတ်လိုက်ပြီး လိုက်ထွက်သွားတယ်။

ရိပေါ်အလုပ်ဆင်းတော့စီစီနဲ့ ချိန်းထားတဲ့ ဟိုတယ်ကစားသောက်ဆိုင်ကိုလာခဲ့လိုက်တယ်။
"စီစီ ရောက်နေတာကြာပြီလား"

"မကြာသေးပါဘူး ကော"

"ရှောင်းကိုယ်စား ကျွန်တော်တောင်းပန်ပါတယ်.."

🍓Mine🍓(Completed)Wo Geschichten leben. Entdecke jetzt