ထိုညနေဘက်ပဲဆေးရုံတွင်သူ့ကိုဖမ်းမိပြီးရဲစခန်းဆီပို့ဆောင်ခဲ့လေသည်
အချုပ်ထဲတွင်ခေတ္တယာယီမျှထိန်းသိမ်းခံထားရပြီးဆရာနဲ့ သူ့သူငယ်ချင်းနှစ်ယောက်လာတွေ့ကြတော့
Soobin:..လူသတ်သမားမဟုတ်ပါဘူးဆို ငါ့အလှည့်ကျမှဘယ်သူမှမယုံပေးကြတော့ဘူးလား
Kai:..အခုထိလိမ်နေတုန်းပဲလား ငါတို့ကတော့မင်းကိုအတန်းခေါင်းဆောင်ဆိုပြီးယုံကြည်ပေးခဲ့မိတာမင်းမို့လုပ်ရက်တယ်
Yeonjun:..အခုဆေးရုံကိုဘာသွားလုပ်တာလဲ ဘာလဲ မင်းအခန်းဖော်ကမင်းညကချောင်းရိုက်လိုက်တာမသေသေးလို့လာပြန်သတ်တာလား !
* ကျောင်းသား Yeonjun...
ရဲစခန်းမှာစကားအပြောအဆိုဆင်ခြင်ကြစမ်း *Soobin:..ဆရာ ကျွန်တော်တကယ်မဟုတ်ပါဘူး ကျွန်တော်ချောက်ချခံရတာပါ ကျွန်တော်ပြောတာကိုယုံပါ
Kai:..ဒါဆို ဒီဖုန်းထဲကသက်သေကကော.....
မင်းမနေ့ညကသူ့ကိုချိန်းပြီးအဆောင်ကိုခေါ်ထုတ်ခဲ့တာမဟုတ်လားSoobin:...ဒါက..... !?
သူ့ဖုန်းနံပါတ်ဆီ message အပြန်အလှန်ပို့ထားသည့်ပုံကိုကြည့်ပြီး အံ့သြနေသောအကြည့်တို့ဖြင့်
Yeonjun:..ငါတို့သက်သေရှာတွေ့သွားလို့အရမ်းလန့်သွားတာလား နောက်ကျသွားပြီး ဟေ့ရောင် ! မင်းလုပ်ခဲ့တဲ့အပြစ်အတွက်မင်းပြန်ပေးဆပ်ဖို့သာပြင်ထားလိုက်တော့...
Soobin:..မဟုတ်ဘူး ဒါငါလုပ်တာလုံးဝမဟုတ်ဘူး ကျေးဇူးပြုပြီးယုံကြည်ပေးကြပါ
Yeonjun:..မင်းပြောတာကိုငါတို့ကယုံပေးမယ်ထင်နေလား
Kai:..ဆရာ ကျွန်တော်တို့တွေပြန်ကြရအောင်....
Soobin:..ကျွန်တော်ပြောတာအမှန်တွေပါ ဆရာ 🗯️
သူ့စကားကိုဘယ်သူမှနားမထောင်မယုံကြည်ကြတော့ပဲထိုနေရာမှထွက်သွားကြတော့သည်
.
.
.At Hospital 🏥
ဆေးရုံအခန်း၏လူနာဘေးမှာတစ်ယောက်တည်းထိုင်စောင့်ရင်းအတွေးတွေများနေခဲ့ကာစိတ်သက်သာရာမရှိခဲ့ပေ
Beomgyu pov:..တကယ်ပဲ ငါတို့အတန်းခေါင်းဆောင်ကဒီအမှုနောက်ကွယ်ကတရားခံလား ဒါပေမယ့်ငါဘာလို့ဒါဟာအမှန်တရားမဟုတ်ဘူးလို့ခံစားနေရတာလဲ