Beomgyu:...မဖြစ်ဘူး !!!
ချွေးသံတွေကြားအော်သံနှင့်အတူရုတ်တရက်လန့်နိုးလာခဲ့ သူ
Beomgyu:...ဟင်းး !! ဟူးး ဟူးး....
သူ့အော်သံကြောင့်အနားမှာအတူစုအိပ်နေသည့်သူငယ်ချင်းလေးယောက်လည်းလန့်ကာအတူနိုးထလာပြီး
Yeonjun:...အာ တကယ်..လန့်သွားတာပဲ !!
Kai:..ဝှါးး 🥱 အိမ်မက်ဆိုးမက်လို့လား ??
Soobin:..မနက်အစောကြီးကိုကွာ အဲ့ဒါကြောင့်ညဘက်သူရဲကားစုမကြည့်ကြပါနဲ့လို့ ငါပြောတာကိုနားမထောင်ကြဘူး
Taehyun:..မင်း အဆင်ပြေရဲ့လား
Beomgyu:...Taehyun !
သူ ဘေးကသူငယ်ချင်းဖြစ်သူကိုဖက်ကာအမောဖြေရင်း
Beomgyu:...တော်သေးတာပေါ့ တကယ်မဟုတ်လို့....
Taehyun:..ဘာဖြစ်တာလဲ ?
ငါဘာမှမဖြစ်ပါဘူးနိုးလာကတည်းကတစ်ယောက်တည်းထူးဆန်းနေသည့်သူ့ကိုအားလုံးဝိုင်းကြည့်ကြပြီး
Yeonjun:..သူ့အိမ်မက်ထဲမှာမင်းသေသွားလို့ဖြစ်မှာပေါ့ကွာ ဟားဟ (laugh)
Kai:..စိတ်လျှော့ စိတ်လျှော့
ငါတို့ဘာမှမဖြစ်ဘူး အိမ်မက်သက်သက်ပဲSoobin:.ကဲ အချိန်မစောတော့ဘူး
ကျောင်းသွားဖို့ပြင်ကြရအောင်....Yeonjun:..အား ချီးပဲ အိပ်ရေးတောင်မဝသေးတာကို....
Taehyun:..Beomgyu ငါ့ကိုလွှတ်ပေးပါဦး
Beomgyu:..အာ တောင်းပန်ပါတယ်
သူငယ်ချင်းပြောမှဖက်ထားတာကိုလွှတ်ဖို့သတိရလေသည်
Taehyun:..ရပါတယ် လာ အတူတူမျက်နှာသွားသစ်ကြရအောင်.... (smile)
Beomgyu:... (smile)
Beomgyu pov:..ကျေးဇူးပဲ အိမ်မက်ဖြစ်နေပေးလို့....
~~~
ကျောင်းရောက်တော့ကျောင်းမတက်ခင်အခန်းထဲသူတို့ငါးယောက်စုကာထိုင်နေကြရင်း
Yeonjun:..ငါတို့ကိုပြောပြပါအုံး ဘာအိမ်မက်များမက်လို့မနက်အစောကြီးဒီလောက်ပြာသွားရတာလဲဆိုတာ....
Kai:..မင်းအိမ်မက်ထဲမှာ ငါတို့ကောပါလား (smile)
Soobin:..အိမ်မက်ထဲမှာသရဲဖမ်းတာတော့မဟုတ်ဘူးမလား