<Ep-1>

214 15 4
                                    

မနက်ခင်းကျောင်းခန်းထဲသေဆုံးသူကျောင်းသားအတွက်အတန်းဖော်သူငယ်ချင်းများကလွမ်းဆွေးခြင်းပန်းစည်းများနှင့်အအေးဘူးမုန့်ထုတ်များအားသူစားပွဲထက်လာတင်ပေးကာငိုကြွေးနေကြတော့သည်

ထိုစဉ်အတန်းထဲကကျန်ရစ်ခဲ့တဲ့သူ့ချစ်သူမိန်းကလေးကငိုကြွေးရင်းရုတ်တရက်မတ်တပ်ထလာပြီး

ဒုန်း 🗯️

" ဒါဘယ်သူ့လက်ချက်လဲ !! မှန်မှန်ပြောစမ်းပါ....
လူသတ်သမားကကျောင်းအဆောင်မှာနေနေတယ့်တစ်ယောက်ယောက်ပဲမဟုတ်ဘူးလား အခုသူ့ကြောင့်နဲ့လူတစ်ယောက်လုံးသေသွားတာကိုလိပ်ပြာလုံလုံနဲ့ငြိမ်နေနိုင်တုန်းလား အီးးးဟီးးးးး "

ငိုနေတဲ့သူမကိုအနားကမိန်းကလေးသူငယ်ချင်းများကထွေးဖက်ကာနှစ်သိမ့်ပေးနေပေမယ့် သူမစကားကိုနားထောင်ပြီးခံပြင်းမိတဲ့အဆောင်နေသူငယ်ချင်းများထဲကတစ်ယောက်ထလာကာ

Yeonjun:..ငါဒီကိစ္စကိုမယုံကြည်နိုင်သေးသလိုခံပြင်းနေမိတုန်းပဲ ဘယ်ကောင်လဲလူသတ်သမားက သတ္တိရှိရင်ထွက်ခဲ့စမ်းပါ 💢

ဝုန်း 🗯️

ဒေါသနဲ့စားပွဲခုံကိုကန်ပြီးထရပ်လိုက်တော့ဝင်ထိန်းပေးသည့်အတန်းခေါင်းဆောင်

Soobin:..Yeonjun စိတ်ကိုထိန်းပါ
အခုချိန်မှာအားလုံးကဝမ်းနည်းနေကြရတယ် သူတို့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်ထပ်ပြီးမလုပ်ပါနဲ့

Yeonjun:...ဟ့ ငါသိနေတယ် အဲ့ဒီကောင်ဘယ်သူလဲဆိုတာ.... မင်းထွက်လာမလား ငါမင်းကိုလူရှေ့ဆွဲထုတ်ပြရမလား မင်းကြိုက်တာရွေး ဟေ့ရောင် 💢

Kai:...မင်းတော်လိုက်တော့...အခုချိန်မှာမင်းပဲဒေါသထွက်တာလား မင်းပဲခံပြင်းတတ်တာလား !!

Yeonjun:..ဟေ့ရောင် မင်းကြောင့်လဲပါတယ်ဆိုတာမမေ့နဲ့

Kai:...မင်း !

ထိုစကားကြားပြီးမခံမရပ်နိုင်စွာပြောနေသူ၏အင်္ကျီလည်ပင်းစကိုဆွဲလိုက်မိရင်း

Yeonjun:...ဘာလဲ မင်းကငါ့ကိုထိုးချင်တာလား လာလေ ဟေ့ရောင် ! ထိုးလိုက်စမ်းပါ 💢

Kai:...ဟာ !!

Yeonjun:..ဟမ်း မင်းမထိုးရဲဘူးလား အားး 💢

Who is the killer ??? |TXT|Unde poveștirile trăiesc. Descoperă acum