Part-3

2.2K 253 2
                                    

Kris​ပေါင်​​ပေါ်က​ကောင်​မ​လေးကိုတွန်းချလိုက်​ပြီးSuတို့ဝိုင်းသို့​ခြေလှမ်းလှမ်းလိုက်​တယ်

Yeol-"Krisခဏ"

Kris-"What's up?"

Yeol-"​ပြောဖို့ကျန်​ခဲ့လို့ အနိုင်​အရှုံးက​ကောင်​မ​လေးရဲ့တုံ့ပြန်​မှုပဲ မင်းကိုလက်​ခံရင်​မင်းအနိုင်​ မင်းကိုငြင်းရင်​​တော့ငါအနိုင်​​ပေါ့ Ok?"

Kris-"Ok. ငါ့ကိုငြင်းမယ့်​မိန်းမကမ္ဘာမှာမရှိ​ဘူးyeol "

Krisယုံကြည်​မှုအပြည့်​နဲ့Suဆီကိုသွားလိုက်​တယ်​ canteenကလူ​တွေအားလုံးလည်းKrisကိုဘယ်​သွားတာလဲဆိုပြီးစိတ်​ဝင်​တစားကြည့်နေတယ်​ Kris. Suရဲ့စားပွဲ​ပေါ်ထိုင်​လိုက်​ပြီးSuရဲ့မျက်​နှာ​လေးကို​မော့လိုက်​ကာသူရဲ့နှုတ်​ခမ်းတစ်​စုံကိုSuရဲ့ပန်း​ရောင်​နှုတ်​ခမ်းတစ်​စုံနဲ့ဖိကပ်​ထားလိုက်​တယ်

Kris's POV-နှုတ်​ခမ်းနီမဆိုးထားပဲနဲ့​တောင်​မင်းနှုတ်​ခမ်း​လေးကနူးညံ့ပြီးချိုမြိန်​လိုက်​တာ အနီးကပ်​ကြည့်​​တော့မှမျက်​နှာ​လေးကဘာမှမလိမ်းထားတာ​တောင်​အပြစ်​​ပြောစရာတစ်​​နေရာ​တောင်​မရှိဘူး ​ကောင်​မ​လေး​ရေ မင်းကိုငါစိတ်​ဝင်​စားသွားပြီ

Su​ကြောင်​​တောင်​​တောင်​နဲ့မျက်​လုံး​လေး​တွေပြူးကျယ်​ဝိုင်းစက်​သွားတယ်​ Krisနှုတ်​ခမ်းနှစ်​ခုကိုအသာအယာခွာလိုက်ပြီးသူ့သူငယ်​ချင်း​တွေဆီကိုဂုဏ်​ယူဝင့်​ကြွားစွာနဲ့သွားလိုက်​တယ်​ Suသတိပြန်​ရလာ​တော့Kris​နောက်​ကိုလိုက်​သွားပြီးKrisလက်​ကိုလှမ်းဆွဲလိုက်​တယ်​ Krisလှည့်​ကြည့်​လိုက်​​တော့သူမထင်​မှတ်​ထားတဲ့တုန့်​ပြန်​မှု

"ဖြန်း..."

Krisရဲ့ဘယ်​ဘက်​ပါးတစ်​ဖက်​နာကျင်​သွားတယ်

canteenတစ်​ခုလုံးလည်းငြိမ်​ကျသွားပြီးစိတ်​ဝင်​တစားနဲ့ကြည့်​​နေတယ်

"ကျွန်​မကပိုက်​ဆံ​ပေါတိုင်းလိုက်​ကပ်​တဲ့အ​ပေါစားမိန်းမမဟုတ်​ဘူး"Su​ပြောပြီးcanteenထဲကထွက်​သွားတယ်

"Su...Su...."baekkieလည်း​အော်​​ခေါ်ပြီးSu​နောက်​ကို​ပြေးလိုက်​သွားတယ်

Second GodOù les histoires vivent. Découvrez maintenant