Part-9

2.6K 259 7
                                    

At morning...

"Ah...​ခေါင်း​တွေကိုက်​လိုက်​တာ.."

အိပ်​ယာ​ပေါ်က​နေSuတစ်​​ယောက်​ကုန်းရုန်းထရင်းညည်းညူလိုက်​မိတယ်

"ငါညကဘယ်​လိုအိမ်​ပြန်​​ရောက်​ပါလိမ့်​"

Su​တီးတိုး​ရေရွတ်​ရင်းbathroomဆီသို့ဦးတည်​လိုက်​တယ်​ ​ရေမိုးချိုးအဝတ်​အစားလြဲပီး​တော့ ​အောက်​ထပ်​ကိုဆင်းသွားလိုက်​တယ်​ ​အောက်​ထပ်​မှာ​တော့ဧည့်​ခန်းမှာထိုင်​​နေတဲ့Kris ..KrisကSuကိုမြင်​တာနဲ့

Kris-"နိုးပြီလား kitchenထဲကစားပွဲ​ပေါ်မှာပျားရည်​တင်​ထားတယ်​ အမူး​ပြေ​အောင်​​သောက်​လိုက်​ဦး"

Suလည်းkitchenထဲကိုဝင်​သွား​တော့စားပွဲ​ပေါ်မှာပျားရည်​တစ်​ခွက်​​တွေ့တယ်​ Su​သောက်​လိုက်​​ပြီးဧည့်​ခန်းဆီကိုသွားလိုက်​တယ်

Kris-"မင်း​မေး​နေကျ​မေးခွန်းမ​မေးပါလား" Krisကစကားစလိုက်​တယ်

Su-"​မေးခွန်း..ဘာ​မေးခွန်းလဲ" တအံတသြနဲ့​ပြောတဲ့Suကိုကြည့်​ပြီးKrisက

Kris-"ရှင်​ကျွန်​မကိုညကဘာလုပ်​လိုက်​လဲဆိုတဲ့​မေးခွန်း.." Krisရဲ့စကားကိုကြား​တော့Suပြုံးလိုက်​ပြီး

Su-"အဲ့ဒီ​မေးခွန်း​မေးပြီးSuကဘာလုပ်​ရမလဲ ရှင်​ကSuကိုဝယ်​ထားတာ​လေ Suကရှင့်​လက်​ခုပ်​ထဲက​ရေဖြစ်​သွားပြီ Su​မေးလည်းဘာမှမထူး​တော့ဘူး Suကရှင်​နှိပ်​စက်​လည်းခံရမှာဘဲ ငြင်းပိုင်​ခွင့်​မှမရှိတာ.."

Kris's POV-မင်းကငါ့အ​ပေါ်ဒီလိုသ​ဘောထားမှန်းအခုမှဘဲသိ​တော့တယ်​ ဒါ​ပေမယ့်​ငါ့အ​ပေါ်အဲ့လိုသ​ဘောထားတဲ့မင်းကိုငါ​နောက်​ဆုံးထွက်​သက်​ထိဆုပ်​ကိုင်​ထားချင်​တယ်​ အဲ့ဒါငါမှားတယ်​ဆိုလည်းမင်းကိုချစ်​လို့ပဲဖြစ်​မှာပါ..

သူတို့နှစ်​​ယောက်​တည်းရှိတဲ့အိမ်​ကြီးကSuစကား​ကြောင့်​မိနစ်​အနည်းငယ်​ကြာ​အောင်​တိတ်​ဆိတ်​သွားတယ်​ ထိုတိတ်​ဆိတ်​မှုကိုSuကစတင်​ဖြိုခွင်းလိုက်​ပြီး

Su-"ဟို..Suဒီ​နေ့​ommaဆီသွားလို့ရမလား"

Kris-"ဟင်​..ဘာ​ပြောလိုက်​တာလဲ"

Second GodOù les histoires vivent. Découvrez maintenant