ဒီနေ့ညနေKrisပြန်လာတော့Suမျက်နှာမကောင်းတာသတိထားမိတယ် နေမကောင်းဘူးလားဆိုတော့ကောင်းပါတယ်တဲ့ Krisလည်းSuစိတ်ပြေလက်ပျောက်ဖြစ်အောင်ညနေစာကိုအပြင်မှာထွက်စားဖို့ခေါ်သွားတယ် တစ်လမ်းလုံးလည်းSuစကားတစ်ခွန်းမှမပြောဘူးလေ သူတို့နှစ်ယောက်နံမည်ကြီးအီတလီစားသောက်ဆိုင်တစ်ခုမှာစားပြီးပြန်လာကြတယ် ပြန်တဲ့လမ်းမှာလည်းSuကတစ်ခုခုကိုတွေးနေသလိုအပြင်ဘက်ကိုပဲငေးကြည့်နေတယ် Krisလည်းကားကိုပြန်လှည့်ပြီးHanမြစ်ကမ်းဘေးကိုမောင်းသွားလိုက်တယ် ရောက်တော့ကားကိုရပ်လိုက်ပြီး
Kris-"ဆင်းရအောင်လေ"
သူတို့နှစ်ယောက်ကားပေါ်ကဆင်းပြီးHanမြစ်ကမ်းဘေးမှာနှစ်ယောက်အတူတူထိုင်လိုက်တယ်
Kris-"Suဒီနေ့မျက်နှာမကောင်းဘူးနော် ဘာဖြစ်လို့လဲ"
Su-"ဘာမှမဖြစ်ပါဘူး" Su မြစ်ရေပြင်ကိုသာငေးမောနေမိတယ်
Krisကသူ့ဘေးမှာထိုင်နေတဲ့Suမျက်နှာလေးကိုသေချာစိုက်ကြည့်နေမိတယ်
"ဟတ်ချိုး....." Suဆီကနှာချေသံလေးကြားတော့မှသတိပြန်ဝင်လာပြီး
Kris-"Suချမ်းနေပြီလား" ဆိုပြီးသူ့အပေါ်အင်္ကျီကိုချွတ်ပြီးSuကိုယ်လေးပေါ်မှာလွှမ်းခြုံပေးလိုက်တယ် Suကလှည့်ကြည့်ပြီး
Su-"ရှင်ကရော"
Krisပြုံးပြလိုက်ပြီး
Kris-"ကိုယ်ကရပါတယ် ဒီမှာခဏလေးနေဦးနော်" Krisပြောပြီးနေရာကထသွားတယ် ပြန်လာတော့လက်ထဲမှာကော်ဖီနှစ်ခွက်နှင့် တစ်ခွက်ကိုSuကိုပေးရင်း
Kris-"ပူတယ် သတိထားနော်"
Suကော်ဖီတစ်ငုံသောက်ပြီး
Su-"Suမေးစရာရှိတယ်"
KrisကSuကိုလှည့်ကြည့်ပြီး
Kris-"မေးလေ"
Su-"ရှင်ဘာလို့Suကိုဝယ်တာလဲ သန်း၅၀၀၀ဆိုတဲ့ပမာဏကဘယ်လောက်ပဲချမ်းသာချမ်းသာနည်းနည်းနောနောပမာဏမဟုတ်ဘူးလေ နောက်ပြီးမိန်းမတစ်ယောက်အတွက်နဲ့သုံးလိုက်တာနောင်တမရဘူးလား"