Suနံရံကိုအားပြုရင်းအသိစိတ်လွတ်နေတဲ့လူလိုဆေးရုံခေါင်မိုးထပ်ကိုသာဦးတည်နေသည်..ဗိုက်ခွဲထားတာမို့ချုပ်ရိုးတွေကသေမတတ်နာကျင်လာပြီးလောကကြီးနှင့်ခဏတာအဆက်အသွယ်ပြတ်သွားသည်
~~~~~~~~~~~~~~~~~~~~~~~~~
Suဆေးရုံကဆင်းလာတာတစ်ပတ်ကျော်ပြီ..ဆေးရုံမှာထဲကKrisကိုစကားမပြော..အိပ်ခန်းထဲကကုတင်ပေါ်မှာထိုင်ပြီးသူ့သမီးလေးအတွက်ကြိုတင်ဝယ်ထားခဲ့တဲ့အရုပ်လေးကိုသာကိုင်ရင်းတစ်ယောက်တည်းနေသည်..အစားလည်းသိပ်မစားတော့...
Kris Suကိုနေ့လည်စာကျွေးဖို့အခန်းထဲဝင်လာတော့Suကအရုပ်လေးကိုသာပိုက်ပြီးပြတင်းပေါက်ကိုငေးကြည့်နေသည်
Kris-"Su..ထမင်းစားရအောင်လေ"
Suကတော့လှည့်တောင်မကြည့်..Kris Suကိုယ်လေးကိုသူ့ဘက်သို့ဆွဲလှည့်ပြီး..
Kris-"ထမင်းစားရအောင်လေ..babeကလိမ္မာပါတယ်"
Su Krisကိုညှိုးငယ်တဲ့မျက်ဝန်းတစ်စုံနဲ့စိုက်ကြည့်နေခဲ့သည်..ပြီးမှမျက်နှာလွှဲပြီးမျက်ရည်ဝိုင်းနေတဲ့မျက်ဝန်းတစ်စုံကပြတင်းပေါက်အပြင်သို့သာငေးနေသည်
Su's POV-သမီးလေးရယ်..အခုကောင်းကင်ဘုံမှာအဆင်ပြေရဲ့လား..ommaမရှိလို့ကြောက်နေလား..ommaအပြစ်တွေပါ..ommaကမကောင်းတဲ့အမေပါ..သမီးappaကိုommaမုန်းချင်တယ်..သူ့ကြောင့်ommaနဲ့သမီးလေးကွဲရတယ်..ဒါပေမယ့်ommaပြောမထွက်ခဲ့ဘူး..ကိုယ့်သားသမီးဆုံးရှုံးသွားတာတောင်ommaလေ..သူ့အနားမှာဘဲနေချင်မိတယ်...ommaရူးသွားပြီနဲ့တူပါတယ်.....
Krisအခန်းတံခါးကိုပိတ်ပြီးအခန်းအပြင်ဘက်မှာထိုင်ချရင်း...မျက်လုံးစုံမှိတ်ကာသက်ပြင်းတွေပဲချနေမိသည်...ဆေးရုံမှာထဲကသူ့ကိုစကားမပြော..အာရုံကြောတွေများထိခိုက်မိလို့လားဆိုပြီးဆရာဝန်နဲ့ပြကြည့်တော့စိတ်ကြောင့်တဲ့..စိတ်ဒဏ်ရာတွေကြောင့်စကားမပြောတော့တာတဲ့...ဘာတွေကများမင်းကိုဒီလောက်တောင်စိတ်ထိခိုက်စေတာလဲSuရယ်...