Zawgyi
ခဏကြာတဲ့အခါမှာကျိုးချန်ထပြောလိုက်တဲ့စကားကြောင့်
ရှောင်ကျန့်အံ့ဩမိတယ်ကျိုးချန်ပြောတာက....
"ရှောင်ကျန့် မင်းလော့ရန်မှာတစ်ခါမှမနေဖူးဘူးဆိုတာသေချာရဲ့လား?"
သူတို့ဘာတွေမေးနေမှန်းကိုမသိတော့ဘူး
ဘာကိုမကျေနပ်သလိုတွေဖြစ်နေတာလဲမသိဘူး
"အ အင်း သေချာပါတယ်"
*************
ရှောင်ကျန့် ညဘက်ခေါင်မိုးထပ်ကိုတက်ပြီး လေညှင်းခံပြီးပြန်အဆင်းမှာ အဖေ့ကိုဖုန်းဆက်ဖို့သတိရတာကြောင့်ဖုန်းခေါ်နေမိတယ်
အပေါ်ထပ်မှာလည်းမနေချင်တော့တာကြောင့် ဓာတ်လှေကားစီသို့သာလှမ်းလာမိတယ်
ဓာတ်လှေကားစီမရောက်မီမှာပဲ ဓာတ်လှေကားတံခါးပိတ်ခါနီးပြီဖြစ်တာကြောင့်အမြန်လက်နဲ့ခံပြီးပြေးဝင်မိတယ်
"ဟူးးး"
အဖေ့စီလည်းဖုန်းခေါ်မရဘူး
အော် (7)ထပ်ကိုတောင်ရောက်နေပြီပဲ ဒီဆေးရုံကထူးဆန်းတယ်
(3)ထပ်မြောက်မှာမြေအောက်ခန်းဆင်းတဲ့လှေကားရှိတယ်
ဘယ်လိုတွေဆောက်ထားလဲတော့မသိဘူး
ဟမ်....
နောက်ကကျောကုန်းကိုလေရှူထုတ်နေသလိုဟာမျိုးလာထိနေတယ်
"အိုး တောင်းပန်ပါတယ် မမြင်လိုက်လို့ပါ"
ဒုက္ခပါပဲ ရှောင်ကျန့်ကတော့ လုပ်လိုက်ရင်ရှပ်ပျာရှပ်ပျာနဲ့ရယ်
ကောင်လေးတစ်ယောက်ရှိနေသေးတာကိုမမြင်ဘူး
ကောင်လေးကိုရှောင်ကျန့်ကြည့်နေမိတယ်
ကောင်လေးကဘယ်ဘက်မျက်လုံးမှာမျက်နှာဖုံးအုပ်ထားတယ်
မျက်လုံးခွဲစိတ်ထားတာလားမသိဘူး
ဒါပေမယ့်ဆေးရုံဝတ်စုံဝတ်ထားတာမဟုတ်ဘူး
ကျောင်းဝတ်စုံလေးဝတ်ထားတယ်
အကျီ်ရင်ဘတ်မှာ LY ဆိုတဲ့တံဆိပ်နဲ့
မျက်နှာကိုဆံပင်ရှည်တွေကအုပ်ထားတယ်