Zawgyi
ကျောင်းဝန်းထဲကပန်းခြံမှာထိုင်နေတဲ့ဝမ်ရိပေါ်ရဲ့ရှေမှာရှောင်ကျန့်ကမတ်တပ်ရပ်နေခဲ့တယ်
အတော်ကြာတဲ့အထိရိပေါ်ဖက်ကဘာစကားမှမစလာသေးတဲ့အတွက်ရှောင်ကျန့်ကပဲစမေးလိုက်တယ်
"ဘာဖြစ်လို့လဲ "
ဘာဟာဘာကိုဘာအဓိပ္ပါယ်နဲ့မေးလိုက်တာလဲဆိုတာရှောင်ကျန့်ကိုယ်တိုင်မသိလိုက်ပါဘူး
အတန်ကြာပြီးတဲ့နောက်မှ ရိပေါ်က
"ဒီလိုလုပ်လို့ဖြစ်ရဲ့လား?"
"င..."
ရှောင်ကျန့် စကားပြောဖို့ပါးစပ်တောင်ကောင်းကောင်းမဟလိုက်ရသေး မြောက်ပြန်လေတွေအရမ်းတိုက်လာပြီးပန်းခြံလေးထဲကပန်းတွေကြွေလွင့်ကုန်တယ်
ရှောင်ကျန့်ကသာဖုန်တွေမှုန်တွေကိုလက်နဲ့ကာရံထားပေမဲ့ဝမ်ရိပေါ်ကတော့ဘာမှမဖြစ်သလိုနဲ့သူ့ရဲ့မူပိုင်အတိုင်းတောင့်တောင့်ပဲရပ်ပြီးခေါင်းလေးစောင်းလျက်စကားဆက်ပြောတယ်
"မင်း ဂရုစိုက်သင့်တယ်။ စတောင်စနေလောက်ပြီထင်တယ်.."
***********
"ဟေ့။ရှောင်ကျန့် မသွားနဲ့"
"ဒီလိုမလုပ်ပါနဲ့ ရှောင်ကျန့်"
ဟောက်ရွမ်းနဲ့ယွီပင်းကတားနေပေမဲ့သူတို့အသံတွေမကြားရအောင်တံခါးကိုအဆုံးထိပိတ်ပစ်လိုက်ပြီး
"ဟိုင်း ....."
စာကြည့်တိုက်ထဲမှာထိုင်ပြီးပန်းချီဆွဲနေတဲ့ရိပေါ်ကိုနှုတ်ဆက်လိုက်ပေမဲ့မျက်ရစ်ကင်းမဲ့တဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကိုကြည့်တယ်ဆိုရုံလေးလှန်ကြည့်ပြီးသူဆွဲလက်စပန်းချီကိုပဲဆက်ဆွဲနေခဲ့တယ်
ရှောင်ကျန့်ကရိပေါ်ထိုင်နေတဲ့နေရာနားကိုရောက်အောင်တစ်လှမ်းချင်းလာလိုက်တယ်
လာနေစဉ်အတွင်းမှာစာကြည့်တိုက်အတွင်းထဲကိုအကြည့်ရောက်မိတော့တိတ်ဆိတ်ငြိမ်သက်နေပြီး မီးလုံးတွေကမှောင်လိုက်လင်းလိုက်နဲ့မှိတ်တုပ်မှိတ်တုပ်ဖြစ်နေတယ်
သေချာကြည့်မယ်ဆိုရင်ချောက်ချာဖွယ်အတိပါပဲ
ဒါပေမဲ့ရှောင်ကျန့်ကြောက်မနေဘူး