Bone Work (Ep-1)

189 16 2
                                    

Zawgyi




အသည်းပုံနှုတ်ခမ်းလေးကိုဖူးဖူးလေးနဲ့ ပြုံးတယ်ဆိုရုံလေးပြုံးပြနေတဲ့ ဝမ်ရိပေါ် ကို ရှောင်းကျန့်က မျက်တောင်မခတ်တမ်းစူးစိုက်ကာ ကြည့်နေမိသည်။

"ဝမ်..မျက်လုံးအတုကြီးလား"

"အင်း.. ငါ့ဘယ်ဘက်မျက်လုံးက အရုပ်မျက်လုံးလေ။ ဒီမျက်လုံးက မမြင်သင့်တာတွေမြင်နိုင်စွမ်းရှိတယ်..ဒါကြောင့် ဖုံးအုပ်ထားရတာပဲ"

မျက်လုံးတစ်ဖက် အညို,  တစ်ဖက် အစိမ်းနဲ့ ကောင်လေးကို ရှောင်းကျန့် အံ့ဩမှုနဲ့ မယုံကြည်နိုင်မှုကြောင့် မဲ့တဲ့တဲ့ ကြည့်နေမိသည်။

"ရှောင်း..မင်းစိတ်မသက်မသာဖြစ်နေတယ်မလား။ လာနေကြမဟုတ်တဲ့မင်းအတွက် ဒီနေရာက သက်တောင့်သက်သာဖြစ်စေမယ်မထင်ဘူး"

"သက်တောင့်သက်သာဖြစ်စေမှာမဟုတ်ဘူး ဟုတ်လား..ဝမ်"

"ဒီအရုပ်တွေက.."

ပြောတာကို ခဏရပ်လိုက်ကာ လက်ထဲမှ မျက်လုံးဖုံးတဲ့ မျက်နှာဖုံးလေးကို တပ်လိုက်ကာ ဆက်ပြောသော ဝမ်ရိပေါ်ကို ရှောင်းကျန့်က မပြတ်တမ်းလိုက်ကြည့်နေသည်။

" ဒီအရုပ်တွေက မင်းမြင်တဲ့ အတိုင်းဟောင်းလောင်းပေါက်တွေချည်းပဲ ရှောင်းရဲ့..ခန္ဓာကိုယ်ရော..အသက်ဝိဉာဉ်ရောက ဟောင်းလောင်းတွေဖြစ်နေတာလေ။ဒါမှသေခြင်းတရားက သူတို့အပေါ်သက်ရောက်မှုမရှိမှာလေ။ ဒါပေမဲ့ ဟောင်းလောင်းဖြစ်နေတဲ့အရာတွေက သူတို့ရဲ့ ဗလာဖြစ်နေတဲ့နေရာတွေကိုဖြည့်ဖို့ကြိုးစားနေတယ်။..ပြီးတော့ ဒီနေရာက မင်းဆီကနေတစ်ခုခု ဆွဲယူနေတယ်လို့မခံစားရဘူးလား ရှောင်း"

"အင်း..ဝမ်"

"ငါတို့သွားသင့်ပြီ..ရှောင်း..ဒီနေရာကနေပေါ့"

"ဟိုလေ..ဝမ်..တစ်ခုလောက်မေးချင်တာလေ ဒီအရုပ်ကဘာလို့ဝမ်နဲ့တူနေတာလဲဟင်"

"မပြောတတ်ဘူးလေ"

"ဒါနဲ့ ဝမ်..မင်းနဲ့ငါစတွေ့တုန်းက အရုပ်​လေးကိုင်ထားတယ်မလား.."

"အင်း"

"အဲ့နေ့က ယောကျာ်းလေးတစ်ယောက် ဆေးရုံမှာသေသွားခဲ့တယ်လို့ ငါကြားခဲ့ရတယ်..အရုပ်က အဲ့ကောင်လေးအတွက်ယူလာတာလား။ ငါဆိုလိုတာက.. ဟိုဟာလေ.."

Extra Person Must Be DieDonde viven las historias. Descúbrelo ahora