Rough Sketch (Ep-6)

308 23 2
                                    

Zawgyi

ရှောင်ကျန့်ကသာဝေ့ဟန်မျက်နှာမကြည့်ပဲမေးချင်တာစွတ်မေး
ပြီးပြောချင်တာတွေပြောပြီးထွက်သွားတာသူသာကြည့်ခဲ့မယ်ဆိုရင်ဝေ့ဟန်ရဲ့ပျက်ယွင်းမှုနဲ့ကြောက်ရွံ့မှုတွေကိန်းအောင်းနေတဲ့မျက်နှာကိုသိခဲ့လိမ့်မယ်

"ရှောင်ကျန့်! ! !"

ရှောင်ကျန့် ကောင်လေးရှိရာကိုသွားတာဟာအမှားတစ်ခုဖြစ်လာခဲ့မယ်ဆိုသာသိခဲ့ပါရင်......

************

ရှောင်ကျန့်ခေါင်မိုးထပ်ကိုရောက်တော့ကောင်လေးကဝရံတာရဲ့ဘေးမှာစာအုပ်လေးကိုင်ပြီး ပန်းချီ ဆွဲနေတယ်

ဒါနဲ့ ရှောင်ကျန့် လည်းအနားကိုလျှောက်သွားလိုက်တော့
ကောင်လေးကမျက်လုံးလေးကိုစွေကြည့်တယ်ဆိုရုံလေးကြည့်ပြီးပြန်လှည့်သွားကာ ပန်းချီပြန်ဆွဲနေတယ်

" ဟေ့ ရိပေါ် မင်းလည်းလေ့ကျင့်ခန်းလုပ်တာကြည့်နေတာလား"

"- - -"

"ရိပေါ် ငါအဲ့လိုပဲခေါ်မယ်နော် ရလား"

"- - -"

"မင်းဘာမှမပြောဘူးဆိုရင်သဘောတူတယ်မှတ်ယူလိုက်ပြီနော်။ဒါနဲ့မင်းဒီခေါင်မိုးထပ်ကိုတက်ခွင့်ရှိလို့လား"

"ငါမသိဘူး ။ဒါပေမဲ့အပေါ်ကကြည့်တာပိုမြင်ရတယ်လေ။ပြီးတော့...မင်းရော?ဒီအပေါ်တက်ခွင့်ရှိလို့လား"

"အာ..ငါမသိဘူး။ ဒါနဲ့မင်းပုံဆွဲနေတာလား"

ဒါကတော့ ရှောင်ကျန့် က ကောင်လေးလက်ထဲကစာအုပ်ကိုကြည့်ပြီးမေးလိုက်ခြင်းပါ။

ဒါပေမဲ့ ကောင်လေးက အလျင်အမြန်ပဲ စာအုပ်ကိုနောက်ကျောဘက်ကိုဖွက်လိုက်တယ်၊ ဒါဟာမသိစေချင်တဲ့အဓိပ္ပါယ်ဖြစ်တာမလို့ရှောင်ကျန့် စကားလမ်းကြောင်းလွှဲမိတယ်

"မင်းရဲ့နာမည် 'ဝမ်'ကို ဘယ်လိုစာလုံးပေါင်းလဲ"

"ဝမ်ကို 'ဘုရင်'ဆိုတဲ့စာလုံးလိုပေါင်းတယ်"

"အော်.."

"ဟိုနေ့က လော့ရန်ဆေးရုံမှာငါနဲ့တွေ့ခဲ့တာမှတ်မိသေးလား"

"ဟင့်အင်း"

"ဓာတ်လှေကားထဲမှာလေ။မင်းကတတိယအထပ်မြေအောက်ခန်းမှာဆင်းသွားတာလေ"

Extra Person Must Be DieWhere stories live. Discover now