Rough Sketch (Ep-5)

238 24 0
                                    

Zawgyi

ကျူးလီကဟောက်ရွှမ်းကိုမျက်စပြစ်ပြီးရှောင်ကျန့်ကိုအပြင်ကိုခေါ်ထုတ်ရန် အချက်ပြလိုက်တယ်

ဒါကိုရှောင်ကျန့်ကမြင်ဖြစ်အောင်မြင်လိုက်ပါသေးတယ်

ရှောင်ကျန့်စဉ်းစားကြည့်တယ်

ဘာလို့ဒီအခန်းထဲကလူတိုင်းထူးဆန်းနေတာလဲ

*************

ရှန်ဟိုင်းမှာဆိုရင် PT Time လို့ခေါ်ပေမဲ့ အခုဒီမှာတော့ အားကစားအချိန်မှာ တစ်ခန်းလုံးမှာရှိတဲ့ ယောကျာ်းလေးတွေပြေးနေကြပြီး မိန်းကလေးတွေအကုန် တာတိုခုန်နေကြတယ်

ဒါပေမဲ့ တစ်ယောက်သောသူကတော့ဘေးမဲ့ရနေပါတယ်

ထိုသူက ရှောင်ကျန့်ပါပဲ

"မင်းကိုကြည့်ရတာပြေးချင်နေပုံပဲ ​ရှောင်ကျန့်"

"အယ် အင်း ။ငါကပြေးရတာသဘောကျတယ်"

"ဟုတ်လား"

"ဒါဆိုအရင်ကပြေးဖူးတယ်ပေါ့"

"အင်း ဒါပေါ့  လီဟွေ့"

"အင်းးးးး"

"ဒါနဲ့ လီဟွေ့ မင်းကနှလုံးအားနည်းတဲ့ရောဂါရှိတယ်ဆို"

"အင်း မွေးရာပါနှလုံးအားနည်းတာလေ ဒါကြောင့်ပြေးရင်ဘယ်လိုခံစားရလဲဆိုတာငါမသိဘူး ရောဂါကြောင့်ပြေးလို့မရဘူးလေ ။ ငါအင်အားတွေအကုန်သုံးပြီးပြေးဖူးချင်တယ်"

"မင်းတစ်နေ့နေ့တော့ပြေးနိုင်မှာပါ"

"အင်း မင်းပြောသလိုပဲ တစ်နေ့နေ့ပေါ့"

- - -

"ဟင်း... အ...ငါ သူနာပြုရုံးခန်းမှာသွားအနားယူလိုက်အုံးမယ် ရှောင်ကျန့်"

"ဟင် မင်းအဆင်ပြေရဲ့လား လီဟွေ့ "

"စိတ်မပူပါနဲ့ ဒါဖြစ်နေကြပါ သွားပြီနော်"

ရှောင်ကျန့် ထွက်သွားတဲ့လီဟွေ့ ကျောပြင်ကိုလိုက်ကြည့်နေမိတယ်

ဟင်! ကျောင်းခေါင်မိုးပေါ်မှာ......

"ရှောင်ကျန့်"

"ဟင် အော် ဝေ့ဟန် "

"လီဟွေ့ ကဘယ်သွားတာလဲဟင်"

Extra Person Must Be DieOnde histórias criam vida. Descubra agora