Unicode
မနက် အိပ်ယာနိုးတော့ ပထမဆုံးတွေးမိတာ ဟိုကလေး။
မနေ့ညက မလိမ့်တပတ်နဲ့ နမ်းလိုက်တာကို အူတူတူလေးနဲ့ခံနေတယ် မင်းဟာလေ ...
မနေ့ညက သူမလေးရဲ့ အလုပ်လျှောက်လွှာကို ဖတ်ကြည့်မိတော့ နာမည်လေးနဲ့ အသက်ကို သေချာ လေးသိခဲ့ရသည် ..
ကလေးငယ်က 19 နှစ် တဲ့ ...
ညက အကြောင်းတွေ ပြန်တွေးမိတော့ ခပ်ဟဟပြုံးမိသွားသည် ..
ဒေါသနဲ့နိုးထခဲ့ရတဲ့ မနက်ခင်းတွေက အခုသူမလေးကြောင့် အပြုံးတစ်ချို့နဲ့ နေ့တစ်နေ့ကို စတင်ခဲ့ရတယ်
ကျေးဇူးပါ ကလေး ~ မင်းကြောင့် ကိုယ်မနက်ခင်းတွေကို ကောင်းကောင်း ဖြတ်သန်းခဲ့ဖူးပြီ...
အောက်ထပ်ကို ဆင်းလာတော့ အိမ်အကူတစ်ချို့က ခေါင်းငုံ့ပြီးအလေးပြုကြသည်...
သူလိုက်ကြည့်နေပေမယ့် ကလေးငယ်က ဘယ်မှာပါ့လိမ့်?..
'Park EunNar က အခုထိ မနိုးသေးတာလား !?.'
ဆူသလို ငေါက်သလိုနဲ့မေးတော့ အိမ်အကူမလေး တစ်ချို့က အလျင်အမြန်၊
"ခြံထဲမှာ အလုပ်ကူလုပ်ပေးနေပါတယ် "တဲ့လေ ...
အဲ့ဒါနဲ့ ခြံထဲထွက်လာကြည့်မိတော့ တွေ့လိုက်ရပါပြီ ။
Maid uniform အဖြူအမဲလေးက သူမနဲ့ အနည်းငယ် ပွသယောင်ယောင်လေး အောက်ကဘောင်းဘီရှည်တစ်ထပ်ထပ်ဝတ်ထားတော့
ပုပုလုံးလုံးလေးဖြစ်နေကာ၊
သူမနဲ့ လိုက်ဖက်နေပြီး ချစ်ဖို့တောင်ကောင်းနေသေးတာဖြစ်သည် ...' EunNar"
သူခေါ်လိုက်တော့ မြက်ပင်တွေရိတ်နေရင်းက ဆတ်ခနဲ လှည့်ကြည့်သည် .. ထိတ်သွားတဲ့မျက်ဝန်းလေးတွေက သူ့ကိုကြည့်ပြီး ပျာယာခတ်သွားသလို
' မင်း မနက်စာလာပြင်ပေး '
' nae?...အာ ဟုတ် လာခဲ့ပါ့မယ် သခင်လေး '
' အဘ Eun က မနက်စာ ပြင်ပေးရမှာလားဟင်?..
အဘပြောတော့ ပန်းပင်တွေ ပေါင်းသင် ရိတ်ဖို့ အတွက်ရယ်စာကြည့်ခန်း ကို တစ်ပတ်တစ်ခါရှင်းပေးဖို့ အတွက်ရယ်..ရေကူးကန် သန့်ရှင်းရေး အတွက် ဒါပဲ ပြောထားတာ
ဟုတ်ဘူးလား ဟင်?..
YOU ARE READING
Jeon's Babe Maid[Complete]
Fanfictionကိုယ့်ရင်ခွင်က ထွက်သွားလို့ မရအောင် ၊ ထွက်မသွားနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ချုပ်ထားပါရစေ .. အရာအားလုံးက ကလေးကို ချစ်လို့ ဖြစ်လာတာမို့ ကိုယ့်ကို အပြစ်မမြင်ဘဲ နေပေးပါ ကလေးငယ် .. Jeon Jungkook x Reader NOMAL- FIC ❗* Unicode / Zawgyi * * AGE LI...