Unicode.
{Y/n name : Park EunNar }
Boss က ဒီရက်ထဲ သူ့ရည်စားဖောက်ပြန်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အကြီးအကျယ်ကို ပေါက်ကွဲနေတာဖြစ်သည် ..
အချစ်ဦးမို့ အရာရာလိုလေးသေးမရှိထားနေတဲ့ကြားထဲကမှ သူ့အပေါ် ဒီလိုလုပ်ရက်ရလေသလား ဟု တစိမ့်စိမ့်တွေးရင်း ....
သူမကို သူ့အကောင်နဲ့အတူ ရက်"စက်" သတ်ဖြတ်ပြစ်ခဲ့သည် ...
လူသတ်တာက ဒီအိမ်ကြီးထဲမှာ အဆန်းတော့ မဟုတ် သို့သော် ၊
Boss က အတော့်ကို ခံစားနေရတာဖြစ်မည်.. ညညဆို မူးပြဲနေအောင်သောက်ပြီး အော်ရယ်နေတတ်သည်၊
အချစ်ဦးက ဖောက်ပြန်တဲ့ ခံစားချက်ကို နားလည်ပါသည် ...တစ်ရက်တစ်ရက် ပိုပိုဆိုးလာတဲ့ ပြသာနာက Boss က ထစ်ခနဲရှိ ဒေါသက လက်တဆစ်မို့ ကျည်ဆန်က ထွက်ပြီးသားပဲ ..
တစ်နေ့ အနည်းဆုံး လူ ၃ ၊ ၄ လောင်း လောက်ကတော့ အသာလေး လိုက်ရှင်းရလွန်းလို့ တပည့်တွေမာလည်း ကြာတော့ လက်အံသေလှပြီ ..
အခုလည်း အောက်က မီးဖိုချောင်မှာ သေနတ်သံကြားတာကြောင့် အိမ်တော်ထိန်းကြီးဖြစ်တဲ့ Mr ; Lim
မာ အပြေးထွက်လာသည် ..' သခင်လေး! သခင်လေး စိတ်ကို လျှော့ပါ ဘာဖြစ်တာလဲ ..'
' အဘ Maidတွေ တစ်ယောက်မှ $ သုံးမကျဘူး ဘာလို့ လဲ ဒီအရည်သောက် လေးတောင် အဆင်မပြေတာ ! ဘာလုပ် စား
ချင်သေးတာလဲ !? နောက် တစ်ယောက် အမြန်ဆုံး ရှာပေးပါ အဘ! မြန်မြန်! '' အေး အေးပါကွယ် ။ သခင်လေး အကျီ°မှာက သွေးစွန်းသွားပြီ နောက်ထပ်တစ်စုံ အဘ ယူခိုင်းလိုက်ရမလား '
' နေပါစေ အဘ.. ဒီတိုင်းပဲ သွားတော့မယ်
လမ်းမှာလဲထပ်ပေလာအုံးမလားဆိုတာ သိမှမသိပဲ 'စံအိမ်ကနေ တရမ်းကြမ်းမောင်းထွက်သွားတဲ့ Boss ကားကို ခြံထဲက အလုပ်သမားတွေမာ ရင်တလှပ်လှပ်နဲ့ ကြည့်ရင်းသာ ကျန်ရစ်ခဲ့ကြရတယ် ...
ကားပေါ်ရောက်တော့လည်း တစ်ခါက သူမထိုင်ခဲ့ဖူးတဲ့ ဘေးက ခုံကို ကြည့်ရင်းက လွမ်းဆွတ်သလိုလို ဖြစ်လာတာကြောင့်
ဟက်ခနဲ ရယ်ချမိလိုက်သည်။
ESTÁS LEYENDO
Jeon's Babe Maid[Complete]
Fanficကိုယ့်ရင်ခွင်က ထွက်သွားလို့ မရအောင် ၊ ထွက်မသွားနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ချုပ်ထားပါရစေ .. အရာအားလုံးက ကလေးကို ချစ်လို့ ဖြစ်လာတာမို့ ကိုယ့်ကို အပြစ်မမြင်ဘဲ နေပေးပါ ကလေးငယ် .. Jeon Jungkook x Reader NOMAL- FIC ❗* Unicode / Zawgyi * * AGE LI...