EP8

3.5K 124 7
                                    

Unicode

" ကလေး "

" ကလေးရေ ! "

အပေါ်ထပ်ကနေ ‌ပျာယာယာ ဆင်းလာတဲ့ သခင်လေးဖြစ်သူကမမလေးကို ရှာနေဟန်တူသည် ...

' သခင်လေး ! မမလေးက ခြံထဲဆင်းသွားတယ် '

အဒေါ်ကြီးက မီးဖိုချောင်ထဲကနေ လှမ်းပြောတော့

' ကျစ် ကလေးကွာ '

ခြံထဲဆင်းလာတော့ ပန်းပင်လေးတွေကို နေရာရွှေ့စိုက်နေတဲ့ ကလေးငယ် ဂါဝန်အဖြူမှာလည်း ရွှံ့တွေပေပွလို့

' ကလေး '

' ဟင် Jeon နိုးပြီးလား?'

' ကိုယ် မနိုးခင်ဘာလို့ ထသွားတာလဲ ဒီလိုပိတ်ရက်လေးမှာပဲကလေးနဲ့အတူ နိုးထခွင့်ရတာ‌လေ'

Jeon က မျက်မှောင်ကြုတ်ရင်း လေသံမာဆတ်"ဖြင့် ပြောတော့ ..

မျက်နှာချိုသွေးတဲ့အနေနဲ့ တစ်ချက်ရယ်ပြရင်း

' အစက စောင့်နေပါသေးတယ် Jeon က ဒီနေ့အိပ် မောကျနေတာကို ဒီမှာကြည့် နေ့ခင်းတောင် ရောက်နေပြီ jeonအိပ်ပုပ်ရယ့် '

Jk နာရီကိုကြည့်မိတော့ ဟုတ်ပါသည် 1 : 00 တောင် ခွဲ‌ တော့မည် ...

' အခုကရော ဘာတွေလုပ်နေပြန်တာလဲ ?...
ခြံထဲက ကောင်တွေက‌ရော ရပ်ကြည့်နေတာ ကြည့်လို့ကောင်းလား ဒီမှာ ကလေးတစ်ယောက်တည်း ....! '

အနောက်က ခြံစောင့်အကိုတွေကို ပတ်ရမ်းနေပါသော Jeon ကြောင့် Eun မှာ မျက်လုံးပြူးသွားကာ

' Jeon အကိုတို့က တားပါတယ် ဝိုင်းကူပေးမယ်လဲ ပြောတယ် Eun နားမထောင်တာ သူတို့ကို Eun ဘာမှမလုပ်ခိုင်းတာပါ '

Jeon ရဲ့ အကြည့်က ပန်းအိုးလေးတွေ အစီစီအရီရီ တင်ထားတဲ့ စင်‌ကြီးပေါ် အကြည့်ရောက်မိ‌တော့

အံဩမှုကြောင့် မျက်ခုံးတို့ အပေါ်မြောက်တက်သွားရပြန်သည် ။

ဒီစင်က မနေ့ကအထိတောင် ဘာမှမဟုတ်သေး ..
ဒီတိုင်း ချုံတွေနွယ်တွေ တက်နေတဲ့ စင်ဟောင်းကြီးပင် ။

မဟုတ်မှ ဒီကလေးဒါတွေအကုန် သူတစ်‌ယောက်တည်း လုပ်လိုက်တာလား !?

Jeon's Babe Maid[Complete]Where stories live. Discover now