Ep(7)

318 38 2
                                    

တော့ပိုကီစားပီးနောက်ချက်ချင်းမပြန်ကြသေးပဲဈေးတန်းဘက်လျှောက်ပတ်ကြည့်ကြသေးသည်

ဆာဟီhyungတို့ကတော့သေနတ်ပစ်ဂိမ်းဆော့မလို့ဆိုပီးအနောက်မှာကျန်ခဲ့ကြသည်လေအကုန်လုံးကတော့သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ အင်း...သူပဲသူတယောက်ပဲအဆင်မပြေနေတာ

ပျော်စရာကြီးပါဒီလိုလျှောက်သွားရတာကိုယ်ချစ်ရတဲ့သူတဲ့အတူဆိုပိုပျော်စရာကောင်းတာပေါ့အခုတော့

ရှေ့ကနှစ်ယောက်ကတော့မနက်ကရန်ဖြစ်တာသူတို့မဟုတ်တဲ့အတိုင်းပျော်မြူးနေကြတာသူပဲ....

သူ့ကိုတောင်သတိထားမိကြရဲ့လားမသိဂျောင်ဝူးတယောက်တွေးရင်းတွေးရင်းစိတ်တိုလာတာမို့လမ်းမှာတွေ့တဲ့ဖျော်ရည်ဘူးခွံကိုလျှောက်ကန်ပစ်လိုက်တယ်

ရော့ကွာ....

ဟ..ဘယ်ကအကောင်ခြေသရမ်းပီးကန်တာလဲကွ

Yarr..မင်းကန်တာမို့လား

သူ့ဘာသူလမ်းလျှောက်နေတာကိုအနောက်ကနေအင်္ကျီလာဆွဲပီးမေးနေတာကြောင့်

​ဟုတ်တယ်ကွာ ကန်တော့ဘာဖြစ်ချင်လဲ...
နဂိုကမှမကြည်တဲ့စိတ်ကအခုအဲ့လူလုပ်မှပိုဆိုးသွားပီ

ရော့ကွာ...ကန်ချင်အူုံး

ခွပ်....

ရော့..ငါ့ကိုထိုးချင်အုံး..ခွပ်

ဘာဖြစ်ကြတာလဲဟ

ဘာလဲ..မင်းကပါ ဝင်ပါချင်အူုံး

ဂျောင်ဝူးအသံကြားလို့အပြေးရောက်လာတဲ့ရူတိုကိုပါဝိုင်းထိုးကြတာကြောင့်သူတို့တော်တော်အထိနာနေပီ

yaaaa...

ဟေ့ရပ်စမ်းကောင်လေးတွေ

ပြေးတော့ဟေ့ကောင်တွေရဲတွေလာနေပီ

ဂျွန်ဂယူတယောက်ရန်ပွဲတွေတခါမှမဖြစ်ဖူးတာမို့ဘာလုပ်ရမှန်းမသိကြောင်နေတုံးလုံခြုံရေးကိုတွေ့တာနဲ့ခေါ်လိုက်တာ

အဆင်ပြေရဲ့လားရူတို

အဆင်ပြေပါတယ်hyung

ဂျောင်ဝူးpov..hyungမျက်လုံးထဲမှာရူတိုတယောက်ပဲမြင်တော့တာလားကျွန်တော်လဲအထိုးခံရတာပါhyungရယ်ခန္ဓာကိုယ်ကရတဲ့ဒဏ်ရာထက်
ရင်ဘတ်ကရတဲ့ဒဏ်ရာကပိုဆိုးတာပဲ

𝙽𝚎𝚒𝚐𝚑𝚋𝚘𝚞𝚛 𝙻𝙾𝚅𝙴♡︎Where stories live. Discover now