လှိုင်းလုံးတွေရဲ့ကမ်းစပ်ကိူလာရိုက်ခတ်သံတွေနဲ့ကျေး
ငှက်အော်သံတချို့ကိုပဲကြားရလောက်အောင်ည
အမှောင်ကတိတ်ဆိတ်လွန်းလှတယ်..လူတယောက်ကတော့သူ့ရဲ့မနက်ဖြန်တွေမရှိတော့သလိုပျော်ရွှင်ခြင်းကင်းမဲ့နေတဲ့ပုံစံမျိုးနဲ့သဲသောင်ပြင်ပေါ်မှာလာထိုင်နေလေရဲ့...
အင်း...ကိုယ်ချစ်တဲ့သူကိုလုံးဝဆုံးရှုံးလိုက်ရတဲ့အချိန်..သူကတခြားသူအပိုင်ဖြစ်သွားပီဆိုတာသိလိုက်ရတဲ့အချိန်မှာတော့ဘယ်သူမှပျော်ရွှင်နိူင်မှာမဟုတ်ဘူးပေါ့..
သူသာအဲ့စကားကိုမကြားခဲ့ရင်....အဲ့မြင်ကွင်းကိုမမြင်
ခဲ့ရင်ကောင်းမှာပဲ.....မန်နေဂျာhyungကမနက်ဖြန်ရှုတင်နဲ့ပက်သက်ပီး
ပြောစရာရှိတယ်ပြောလို့သူရူတိုကိုသွားခေါ်မယ်ဆိုပီး
အပြင်ကိုထွက်လာခဲ့တာ...ဒိလိုမျိုးသူ့ရင်ကိုခွဲသွားစေလောက်တဲ့မြင်ကွင်းကိူမြင်ရဖို့မှမဟုတ်တာ...ဂျယ်ဟော့hyungကသူသွားခေါ်မယ်ပြောခဲ့ပါတယ်
သူကိုက...အင်း..ကံတရားကလဲဘယ်တော့မှသူ့
ဘက်ကိုမျက်နှာသာမပေးခဲ့ပါဘူး..အစကတည်းကငါက
မင်းနဲ့ယှဉ်ရင်အရှုံးသမားပါကွာ..သူ့မျက်လုံးထဲမှာဘယ်တော့မှငါဆိုတာရှိခဲ့တာမှမဟုတ်ခဲ့တာရူတိုကိူသွားရှာမယ်ပြောပီးထွက်လာခဲ့တာသူတို့
တည်းတဲ့နေရာနဲ့မလှမ်းမကမ်းချောင်တနေရာ
ရောက်တော့စကားသံတခုကြားလိုက်ရတယ်...သူမြတ်နိူး
ရတဲ့အသံလေးဒါပေမယ့်ထွက်လာတဲ့စကားလုံးတွေကတော့
သူ့ရင်ကိူတစစီစုတ်ပြတ်သွားလောက်အောင်
ပြင်းထန်လွန်းလှပါတယ်.."သူက ရူတိုကိုသဘောကျပါတယ်တဲ့လေ"
"အများကြီးသဘောကျနေတာပါတဲ့"
hyungရယ်အဲ့လောက်တောင်ပဲလား...
ခိုးနားထောင်ဖို့မရည်ရွယ်ခဲ့ပေမယ့်...
မျက်စိရှေ့မှာတယောက်နဲ့တယောက်လွှတ်ထွက်သွားမှာစိုးသည့်အလားဖက်ပီးအကြင်နာတွေဝေမျှနေကြတဲ့
နှစ်ယောက်ကိုမြင်လိုက်ရတဲ့သူ့
အတွက်ခေါင်းပေါ်ကိုမိုးကြိုးအစင်းတရာလောက်
ပစ်လိုက်သလိုပါပဲ..ဂျယ်ဟော့hyungသွားလိုက်
မယ်ပြောတုန်းကသူသွားခိုင်းလိုက်ရမှာ..အခုတော့.....ဦးနှောက်ထဲမှာဗလာဖြစ်..မျက်ရည်တွေကလဲအလိုက်မသိကျလာတယ်..မငိုချင်ပေမယ့်..ဒါကြီးက
ကျွန်တော့်အတွက်တော်တော်ခံစားရလွန်းတယ်
ချက်ချင်းပြေးထွက်လာပီးဦးတည်ရာချက်မရှိပြေးနေတော့တာပဲ...
ဘယ်ကိုပေါက်လို့ဘယ်ကိုရောက်နေမှန်းလဲမသိတော့.အတော်အတန်ဝေးတဲ့သဲ
သောင်တစ်နေရာကိုရောက်မှ