Ep(15)

210 29 0
                                    

"ငါတို့လမ်းခွဲရအောင်"

ဟင်...

kyu..ဘယ်လိုပြောလိုက်တာလဲကိုယ့်ကိုနောက်နေတာမလားဟုတ်တယ်မလားအဲ့လိုကြီးမနောက်ပါနဲ့ကွာကိုယ်
တကယ်မခံစားနိူင်လို့ပါ

ငါမင်းကိုနောက်နေတာမဟုတ်ဘူးဟာရူတိုတကယ်ပြောနေတာငါ့ကိူလဲထပ်မဆက်သွယ်နဲ့တော့...မင်းရဲ့စကားတွေလဲထပ်မကြားချင်တော့ဘူးမင်းကိုလဲငါအရမ်းစိတ်
ပျက်နေပီ

kyu..kyuလျှောက်ပြောနေတာမလားမင်းကိုယ့်ကိုအရမ်းချစ်တာကိုယ်အသိဆုံးပဲကို...

ဟုတ်တယ်အရင်တုန်းကတော့ချစ်ခဲ့တယ်ဒါပေမယ့်
အခုတော့မဟုတ်တော့ဘူး....ခဏတာစိတ်ကစားမိခဲ့တာ...

kyuရယ်ကိုယ့်ကိုအဲ့လိုမပြောပါနဲ့...တောင်းပန်ပါတယ်တွေ့ပီးစကားပြောရအောင်လေနော်

တော်ပါတော့ဟာရူတိုရယ်ငါမင်းကိုတွေ့လဲမတွေ့ချင်ဘူးနောက်ထပ်လဲငါ့ကိုမဆက်သွယ်နဲ့တော့မင်းနဲ့ငါဇာတ်လမ်းပြတ်ပီ..

kyu....kyu..

တဖက်ကဆက်ပြောလာမယ့်စကားတွေကိုသူဆက်နားမထောင်နိူင်တော့..ဖုန်းကိုအလျင်အမြန်ချလိုက်ပီး
အဆက်မပြတ်ကျနေတဲ့မျက်ရည်ပူတွေကိုတောင်မသုတ်နိူင်တော့ပဲအော်ဟစ်ပီးငိုမိသည်...
တောင်းပန်ပါတယ်ရူတိုရယ်ဒီလိုပြောမှဖြစ်မှာမိူ့လို့ပါ
ငါ့ကိုမေ့လိုက်ပါတော့.....မင်းရဲ့အောင်မြင်နေတဲ့idol
ဘဝကိုငါ့အတွက်နဲ့အပျက်စီးမခံပါနဲ့...

~~~~~

ကင်ဂျွန်ဂယူ..ငါမုန့်ဝယ်လာတယ်..ရား...ဘာဖြစ်တာလဲဘာလို့ငိုနေတာလဲ..

ဂျီဟွန်းနား...ငါသူ့ကိုလေ..လမ်းခွဲလိုက်ပီ..ငါ့ဘက်ကအ
ရင်ဖွင့်ပြောခဲ့ပေမယ့်ငါ့ဘက်ကပဲလမ်းခွဲစကားပြောလိုက်ပီ...ငါတော်တော်ရက်စက်တာပဲနော်

မျက်ဝန်းထဲမှာလဲမျက်ရည်စက်တွေအပြည့်နဲ့ဝမ်းနည်းစွာပြောလာတဲ့သူငယ်ချင်းလေးကိုကြည့်ပီးသူစိတ်မကောင်း..
အာညီးရား...အဲ့လိုမတွေးပါနဲ့သူငယ်ချင်းရယ်..မင်းဘာလို့သူ့ကိုလမ်းခွဲလိုက်လဲငါသိတာမို့...

...

လွန်ခဲ့သောတစ်ပတ်ခန့်က

ဟယ်လို

𝙽𝚎𝚒𝚐𝚑𝚋𝚘𝚞𝚛 𝙻𝙾𝚅𝙴♡︎Where stories live. Discover now