လူတွေကသူတို့အတွက်အကျိုးအမြတ်ရရုံတမယ်နဲ့
တခြားသူရဲ့အတွင်းရေးတွေကိုပီးစလွယ်ဖွင့်ချတတ်ကြတာပဲတင်လိုက်တဲ့သူကတော့ဘာမှမဖြစ်ပေမယ့်ဒီပြသာနာတွေကြားထဲကလူတွေကတော့အသည်းနင့်အောင်ခံစားခဲ့ရတာ...သူတစ်ပါးရဲ့ခံစားချက်တွေကိုသူတို့အောင်မြင်ချင်ရုံfollowerများချင်ရုံတမယ်နဲ့ဖျက်စီးခဲ့ကြတာ.အော်..တော်တော်ကြောက်စရာကောင်းလိုက်တဲ့လူတွေပါလား....ဖြစ်တဲ့တစ်ခဏပဲအခုကျတော့လဲမေ့မေ့ပျောက်ပျောက်ဖြစ်သွားကြတာပါပဲ.....
ကိစ္စတွေဖြစ်ပီးကတည်းကhyungနဲ့အဆက်အသွယ်
ပြတ်နေတာတစ်ပတ်လောက်ရှိပီဒီကြားထဲhyungဘယ်လိုများနေနေလဲမသိအဆင်ရောပြေရဲ့လား...ပြေးတွေ့ချင်ပေမယ့်အခြေအနေတွေက
ထင်ထားတာထက်ပိုပီးခက်ခဲနေတော့....အခုဆိုသူတို့လဲနေ့တဝက်လောက်ကpracticeခန်းထဲမှာပဲအချိန်ကုန်နေရတယ်ဒီကြားထဲဘယ်သွားသွားမန်နေဂျာရဲ့မျက်ခြေမပြတ်စောင့်ကြည့်တာခံရသေးတယ်စိတ်ကျဉ်းကျပ်လိုက်တာဒီလိုတွေဖြစ်သွားတော့အရင်ကထက်ပိုပီးတင်းကျပ်တော့တာပေါ့ဖုန်းကတော့ပြန်သုံးရပေမယ့်မန်နေဂျာကိုခွင့်တောင်းပီးမှသုံးရတယ်...
သတင်းတွေကိူလဲသူတို့လုပ်ချင်သလိုလုပ်တယ်
သူ့ရဲ့သူငယ်ချင်းပါတဲ့တစ်နိူင်ငံလုံးသိအောင်
အင်တာနက်ပေါ်မှာတင်ပီးဖြေရှင်းလိုက်တော့သေချာ
ပေါက်hyungလဲမြင်မှာပေါ့ဘယ်သူငယ်ချင်းကပါးကိုနမ်းမှာလဲစိတ်ရှိလက်ရှိတိုင်းသာဆိုရင်ဒီအခြေအနေကြီးကနေရုန်းထွက်ပီးသူနဲ့နှစ်ယောက်တည်းဘယ်သူမှမရှိတဲ့နေရာကိုထွက်ပြေးလိုက်ချင်တော့တာပဲ...ဟူး...💨
တချက်တချက်ရှိုက်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုသူစိုက်ကြည့်ပီးတွေးမိတယ်...သူသာဒီဆေးလိပ်ငွေ့လေးတခဏတာဖြစ်ရရင်ကောင်းမှာပဲလို့လေ...အဲ့ဒါဆိုသူhyungရဲ့ဘေးနားကိူသွားပီးမတွေ့တာကြာတဲ့မျက်နှာလေးကိုတော့ကြည့်ခွင့်ရလောက်တယ်...
မန်နေဂျာတွေစောင့်ကြည့်နေတဲ့ကြားကညညဆိုdormရဲ့
ဝရန်တာကိုထွက်ပီးစိတ်ပြေလက်ပျောက်က်ဆေးလိပ်ခိုးသောက်တတ်တာလဲသူ့အကျင့်လိုကိုဖြစ်နေခဲ့ပီ....