Prologue

1.8K 36 4
                                    

Unicode

"အဟက်!...အချစ်တဲ့လား...။ အလို့ချစ်နေကြတဲ့သူတွေကြား သူများမိုးခါးရေသောက်တိုင်း လိုက်သောက်ရအောင် ငါက...ရူးနေတဲ့သူမို့လို့လား"

- ဂုဏ်ဓနရှင်

"ပိုင်ဆိုင်ဖို့လဲမကြိုးစားခဲ့ဖူးဘူး။ ကြည့်ရုံပဲဆို အနွေးဓာတ်ရပြီး လက်ထဲရောက်မှ အပူလောင်တတ်တဲ့  မီးကျီးခဲရဲရဲဖြစ်နေမှာစိုးလို့။ လောဘသိပ်မရှိသူမို့  ကိုယ်ပိုင်ဆိုင်လိုက်ရတာ တစ်ခုတည်းနဲ့လဲ ရွယ်က...ကျေနပ်ရောင့်ရဲနိုင်ပါတယ်"

-အကြင်နာရည်ရွယ်

-----

ပန်းကလေးတစ်ပွင့် ရှိခဲ့ဖူးတယ်။ နှလုံးသားမှာပျိူးပြီး မေတ္တာရေစင်တွေနဲ့ ပွင့်လန်းစေချင်မိတဲ့ ပန်းကလေး။ မထိုက်တန်လို့မို့ထင်ပါရဲ့ မခြွေရဲ မခူးရဲခဲ့ဘူးလေ။

တစ်ရက်တော့ အဲ့ဒီပန်းကလေးက အငွေ့ပျံ့ပျောက်ကွယ်သွားခဲ့တယ်။

အငွေ့အသက် ရနံ့အကြွင်းအကျန်လေးတောင် မကျန်ခဲ့တဲ့အထိ ခြေရာဖျောက်လို့။

လိုက်တုန်းကပြေးချင်တယ်။ နောက်ကျနေရင် ရပ်စောင့်ချင်တယ်။ ဆက်မလိုက်တော့ရင် နောက်ပြန်လှည့်ချင်လာတယ်။

ရွယ်...မင်းကိုယ့်ကိုကစားနေခဲ့တာလား...။

ကိုယ်ရပ်လိုက်တာနဲ့ ဖက်တွယ်ထားချင်စိတ်လေးတောင်မရှိတော့ဘူးလား။

ကိုယ့်ကို အခွင့်အရေးလေးတစ်ခုတော့ပေးပါဦးလား...ရွယ်။

ဒီတစ်ခါမင်းကပြေးလေနော်...။

ကိုယ်မနားတမ်း မင်းကိုဖမ်းဆုပ်မိတဲ့အထိ ပြန်လိုက်ပါ့မယ်။

မိရင်တော့ တစ်သက်လုံးပြန်မလွတ်တော့ဘူးနော်...။

ရွယ်....ရွယ်....ရွယ်.... ကိုယ်သိပ်ချစ်ရတဲ့ ...ရွယ်လေးရေ...

မေတ္တာတရားသာရှေးရှု  ....သစ္စာရှိမှုဂရုပြုလို့ ...ဒီဘဝမှာ...ကိုယ်မင်းကို သိပ်ချစ်ခဲ့တဲ့အကြောင်း ပြောပြပါရစေ။


Zawgyi

"အဟက္!...အခ်စ္တဲ့လား...။ အလို႔ခ်စ္ေနၾကတဲ့သူေတြၾကား သူမ်ားမိုးခါးေရေသာက္တိုင္း လိုက္ေသာက္ရေအာင္ ငါက...႐ူးေနတဲ့သူမို႔လို႔လား"

- ဂုဏ္ဓနရွင္

"ပိုင္ဆိုင္ဖို႔လဲမႀကိဳးစားခဲ့ဖူးဘူး။ ၾကည့္႐ုံပဲဆို အေႏြးဓာတ္ရၿပီး လက္ထဲေရာက္မွ အပူေလာင္တတ္တဲ့  မီးက်ီးခဲရဲရဲျဖစ္ေနမွာစိုးလို႔။ ေလာဘသိပ္မရွိသူမို႔  ကိုယ္ပိုင္ဆိုင္လိုက္ရတာ တစ္ခုတည္းနဲ႔လဲ ႐ြယ္က...ေက်နပ္ေရာင့္ရဲႏိုင္ပါတယ္"

-အၾကင္နာရည္႐ြယ္

-----

ပန္းကေလးတစ္ပြင့္ ရွိခဲ့ဖူးတယ္။ ႏွလုံးသားမွာပ်ိဴးၿပီး ေမတၱာေရစင္ေတြနဲ႔ ပြင့္လန္းေစခ်င္မိတဲ့ ပန္းကေလး။ မထိုက္တန္လို႔မို႔ထင္ပါရဲ႕ မေႁခြရဲ မခူးရဲခဲ့ဘူးေလ။

တစ္ရက္ေတာ့ အဲ့ဒီပန္းကေလးက အေငြ႕ပ်ံ႕ေပ်ာက္ကြယ္သြားခဲ့တယ္။

အေငြ႕အသက္ ရနံ႔အႂကြင္းအက်န္ေလးေတာင္ မက်န္ခဲ့တဲ့အထိ ေျခရာေဖ်ာက္လို႔။

လိုက္တုန္းကေျပးခ်င္တယ္။ ေနာက္က်ေနရင္ ရပ္ေစာင့္ခ်င္တယ္။ ဆက္မလိုက္ေတာ့ရင္ ေနာက္ျပန္လွည့္ခ်င္လာတယ္။

႐ြယ္...မင္းကိုယ့္ကိုကစားေနခဲ့တာလား...။

ကိုယ္ရပ္လိုက္တာနဲ႔ ဖက္တြယ္ထားခ်င္စိတ္ေလးေတာင္မရွိေတာ့ဘူးလား။

ကိုယ့္ကို အခြင့္အေရးေလးတစ္ခုေတာ့ေပးပါဦးလား...႐ြယ္။

ဒီတစ္ခါမင္းကေျပးေလေနာ္...။

ကိုယ္မနားတမ္း မင္းကိုဖမ္းဆုပ္မိတဲ့အထိ ျပန္လိုက္ပါ့မယ္။

မိရင္ေတာ့ တစ္သက္လုံးျပန္မလြတ္ေတာ့ဘူးေနာ္...။

႐ြယ္....႐ြယ္....႐ြယ္.... ကိုယ္သိပ္ခ်စ္ရတဲ့ ...႐ြယ္ေလးေရ...

ေမတၱာတရားသာေရွးရႈ  ....သစၥာရွိမႈဂ႐ုျပဳလို႔ ...ဒီဘဝမွာ...ကိုယ္မင္းကို သိပ္ခ်စ္ခဲ့တဲ့အေၾကာင္း ေျပာျပပါရေစ။


𝐀 𝐌𝐨𝐨𝐧𝐥𝐢𝐭 𝐍𝐢𝐠𝐡𝐭 'OC'Where stories live. Discover now