Part-1

791 27 0
                                    

Unicode

" ဒုန်း!! ခလွမ်း!! ဒုန်း!!"

' Unity ' Group၏ ဥက္ကဌရုံးခန်းထဲမှ ဆူညံပေါက်ကွဲသံများကြောင့် အပြင်ဘက် အတွင်းရေးမှူးဌာနနှင့် စာရင်းစစ်ဌာန နှစ်ခုလုံး တုပ်တုပ်မျှမလှုပ်ရဲကြ။

အရာအားလုံးတိတ်ဆိတ်သွားအပြီး၌ စတိုခန်းမန်နေဂျာက ခေါင်းငိုက်စိုက်ပြီး ထွက်လာလေသည်။ အားလုံး၏ အကြည့်တို့သည် ထိုမန်နေဂျာနဖူးထံမှာ ကျဆင်းနေသော အနီရောင်သွေးစီးကြောင်းထံတွင်။

နာကျင်ပင်ပန်းသော်လည်း ထိုသူ၏မျက်နှာတွင်အပြုံးတစ်ပွင့်က ခိုတွဲမြဲ။ ဤသည်မှာ နေ့စဉ်ရက်ဆက် ရာသီဥတုမရွေး နှစ်ကာလဘယ်လောက်ပင်ကြာကြာ မပြောင်းလဲသော သူ၏ ပုံစံပါပဲ။

"အဆင်ပြေရဲ့လား ဝေရောင်"

Accountant Manager မမနှင်းက တစ်ရှူးတစ်ချိူ့ကမ်းပေးရင် ဂရုဏာသံဖြင့် တိုးတိုးသက်သာဆိုသည်။

"ရပါတယ်မမနှင်းရယ် ကျွန်တော့်အတွက်ကရိုးနေပါပြီ "

ဝေရောင်က သွေးစတို့ကိုတစ်ရှူးဖြင့်သုပ်လိုက်ရင်း အပြုံးမပျက်။

ဝန်ထမ်းကောင်မလေးများက သက်ပြင်းတချချပေမယ့် ဝန်ထမ်းကောင်လေးများကတော့ နှာတရှုံ့ရှုံ့။

ထိုသို့  အမြဲတမ်း နွေဦးပန်းနှယ် လန်းဆန်းနေသော ဝေရောင်အပြုံးက Unity Groupရှိ မိန်းမငယ်များသာမက မမနှင်းတို့လို အပျိူကြီးတွေကြားမှာပင် အတော်လေးရေပန်းစားသည်။ ဆန့်ကျင်ဘက် ဝန်ထမ်းကောင်လေးများ၏ မနာလိုစရာ ပြိုင်ဘက်ကောင်းတစ်ယောက်။

ခြောက်ပေနီးပါးအရပ်အမောင်းနှင့် လေ့ကျင့်ခန်းလုပ်ထား၍ တောင့်ဖြောင့်နေသောခန္ဓာကိုယ်က လုံမပျိူတိုင်း ပစ်ဝင်မှီတွယ်ချင်စရာအတိ။
ဝန်ထမ်းယူနီဖောင်း ရှပ်လက်ရှည်အပြာနုနှင့် စတိုင်ပင်အနက်ကိုသာ ပုံမှန်ဝတ်ဆင်ထားသော်လည်း များပြားလှသောဝန်ထမ်းများကြား ဝေရောင်က တစ်ချက်ကြည့်တာနှင့်ထင်းခနဲ။

ပုဇင်းမှာလဲ အတောင်နဲ့ မြင်းတစ်ကောင်မှာလဲ သံခွာနဲ့ဆိုသလိုပါပဲ သူတို့အားလုံးမက်မောစရာ ပစ်မှတ်တစ်ခုကလဲ အသေအချာရှိနေသည်လေ။

𝐀 𝐌𝐨𝐨𝐧𝐥𝐢𝐭 𝐍𝐢𝐠𝐡𝐭 'OC'Where stories live. Discover now