Part-5

709 15 8
                                    


Unicode

လွန်ခဲ့သော (၇)နှစ်, မိုးညှင်းမြို့...

"ဟဲ့...ဟိုမှာ သွားပြီသွားပြီအမြန်လိုက်"

"နင်တို့ရှင်းလိုက်တော့ ငါသွားပြီ"

"အေးပါ...စိတ်ချမယ်နော် တစ်ခုခုသိအောင်လုပ်ခဲ့"

"ကျစ်...အေးဆေးပါ အကြင်နာရည်ရွယ်တဲ့ တစ်ရွယ်ပဲရှိတယ်"

"အမလေး ဟုတ်ပါပြီ ဟုတ်ပါပြီ"

အကြင်နာက သဇင့်စကားကို ခွန်းတုံ့ပြန်ကာ နက်ပြာရောင်စလင်းဘက်ကို ကောက်လွယ်ရင်း လက်ကလဲ စာအုပ်တစ်ချိူ့ကိုဆွဲယူကာ အမြန်ထသည်။ အကြင်နာက ဘယ်တော့မှအိတ်ထဲတွင် စာအုပ်အကုန်မထည့်တတ်။ လက်ကအပိုကိုင်ပြီး ပွေ့ပိုက်သွားရတာသဘောကျသူ။ ဆန့်လျှင်လဲမထည့် မဆန့်လျှင်လဲမထည့်ပါပေ။

သူမတို့က ယခုနှစ်မှ 'မိုးညှင်းဒီဂရီကောလိပ်'တွင် Physics မေဂျာ၌ ပထမနှစ်စတက်နေကြသော ကျောင်းသူတွေ။ ကျောင်းမှအပြန် ဗိုက်ဆာလာ၍ 'ငှက်ပျောတော'တွင် မာလာဟင်းဝင်စားကြခြင်း။

ဇာတ်လမ်းကထိုနေရာမှစတော့သည်။

'ငှက်ပျောတော'ဆိုင်လေးက ငှက်ပျောရုံများနှင့် သာသာယာယာတည်ရှိသော ခြံဝန်းကျယ်တစ်ခုဖြစ်သည့်အပြင် ချောင်းကမ်းပါးနှင့်ကပ်လျှက်မို့ ရေဆိပ်ကိုမြင်ရသလို၊ ရေစီးသံနားထောင်လို့လဲကောင်းသည်။ တိုက်ခတ်လာသောလေတဖြူးဖြူးက စိတ်အေးချမ်းစေသလို ညနေခင်းမြင်ရသော Sunsetနှင့် ရောင်စုံတိမ်လှလှလေးကိုလဲ ကြည့်ရှူငေးမောနိုင်ပြန်သေးသည်။

ထိုကြောင့် အကြင်နာက ဘယ်တော့မှ ဆိုင်အတွင်းစားပွဲများတွင်မထိုင် ။ ချောင်းကမ်းပါးဘေးကပ်လျက်ရှိ ငှက်ပျောရုံအောက်မှ စားပွဲကိုသာအမြဲတမ်းရွေးသည်။ သည်နေရာမှမထိုင်ရလျှင် မစားနိုင်ဟူသော ဂျီကျသူလေးမို့ သူငယ်ချင်းတွေကလဲ လက်မြောက်ထားကြသည်။

ဒီနေ့ ထိုနေရာ၌ သူမတို့ထက် နေရာဦးသူရောက်ရှိနေသည်။
ပထမတော့ အကြင်နာက ရန်လုပ်ပြီးဖယ်ခိုင်းဖို့ သွားတာပင်။ ခုတ်ရာတစ်ခြား ရှရာတစ်လွဲဖြစ်သွားသည်က ထိုလူ၏ မျက်နှာချောချောကိုမြင်လိုက်ရသောအခိုက်တန့် ခဲလေသမျှသဲရေကျရတော့တာပါပဲ။

𝐀 𝐌𝐨𝐨𝐧𝐥𝐢𝐭 𝐍𝐢𝐠𝐡𝐭 'OC'Hikayelerin yaşadığı yer. Şimdi keşfedin