Part-2

550 18 0
                                    


Unicode

ဂုဏ်က အကြင်နာအနားလာထိုင်ချင်သည်ကို သားလေးကအတင်းတွန်းပစ်ကာ အကြင်နာဘေးတွင်ကပ်ထိုင်သည်။

ဝန်ထမ်းမိန်းခလေးက သားလေးအတွက်  နွားနိူ့တစ်ခွက်၊ ကော်ဖီတစ်ခွက်နှင့် နို့လက်ဖက်ရည်တစ်ခွက်ကို လာချပေးသွားသည်။

အကြင်နာက ကော်ဖီခွက်ကို ဂုဏ်ထံသို့တွန်းပို့လိုက်ရင်း...

"သောက်ကြည့်လေကိုကြီး ရွယ်တို့ဆိုင်ရဲ့ကော်ဖီကတစ်ခါသောက်ပြီးရင် တစ်ခြားဆိုင်ကကော်ဖီတွေတောင်မတိုးတော့ဘူးလို့ညွှန်းဆိုခံရတာ ကိုကြီးအကြိုက်ခါးခါးလေးဖျော်ခိုင်းထားတယ်"

"ကိုယ့်အကြိုက်တွေ မှတ်မိသေးတယ်ပေါ့"

"အဟင်း ...အမှတ်တမဲ့တွေပါကိုကြီးရဲ့"

သူ့မျက်စိရှေ့မှ အသည်းငယ်လေးသည် ဟိုတုန်းကလိုတက်ကြွလန်းဆန်းနေသော ကလေးသာသာ ကောင်မလေးမဟုတ်တော့။ ယဉ်ယဉ်လေးနဲ့လှနေပြီး တည်ငြိမ်နေပုံကြောင့် ဂုဏ်ပင်အနည်းငယ်ရှိန်မိသည်။

အရေးထဲ ကလေးပေါက်စက သူ့ကိုပဲစိုက်ကြည့်အကဲခတ်နေသည်မို့ မျက်လုံးထဲမှာကန့်လန့်။

ဟူးးးးးး အမေကိုလိုချင်တော့လဲ သားကိုပါဖားရဦးမှာပဲ။

ဂုဏ်က ကြက်ဥပူတင်းဗူးလေးကို အဖုံးဖွင့်ပေးရင်း ဇွန်းလေးတပ်ကာ ကလေးရှေ့ပို့ပေးတော့ ထိုကလေးကအကြင်နာမျက်နှာကို မော့ကြည့်သည်။ စား၍ရမလား ခွင့်တောင်းနေသည့်ဟန်။

အကြင်နာက ကလေးခေါင်းမှဆံပင်လေးများကို အသာဖွကာ ပွတ်သပ်ပေးရင်း ခေါင်းငြိမ့်ပြမှ သူ့အာရုံနှင့်သူအစားသောက်ဆီ အလုံးစုံပြန်ပို့လို့။ သေသေသပ်သပ်စားသောက်နေသည်မှာ တကယ်လူကြီးပေါက်စလေးအတိုင်း။

ကလေးက တကယ်တမ်းတော့ ချစ်စရာလေးပင်။ အသက်(၆)နှစ်အရွယ် သိတတ်စ၊ သင်ယူတတ်စ အရွယ်ဖြစ်တာကြောင့် သွက်လက်ချက်ချာရုံသာမက ပါးဖောင်းဖောင်းလေးများနဲ့အတူ ရယ်လိုက်တိုင်း သွားတက်လေးပါပေါ်လာတတ်သည်။ မျက်နှာမြင်ချစ်ခင်ပါစေဆိုသော ဆုနှင့်ပြည့်ပေမယ့် အသံကတော့ ဂုဏ်ထက်ပင်စကားပြောကပြတ်သေးသည်။

𝐀 𝐌𝐨𝐨𝐧𝐥𝐢𝐭 𝐍𝐢𝐠𝐡𝐭 'OC'Nơi câu chuyện tồn tại. Hãy khám phá bây giờ