Warning !!!
Decide for yourself whether you should read this section or not.Unicode
ဂုဏ်က အလေးပေးစရာလိုအပ်သော လူတစ်ချိူ့ကိုသာခဏအချိန်ပေးနှုတ်ဆက်ရင်း Partyမြက်ခင်းပြင်ကို နောက်ကျောပေးကာ Hotelထဲလှမ်းဝင်လာလိုက်သည်။
VIP ဧည့်သည်တစ်ဦးဖြစ်သည့်အပြင် စီးပွားရေးပါတနာပါဖြစ်နေသည်မို့ Nerium Hotelက ဂုဏ့်ဆန္ဒအတိုင်း တောင်းဆိုသမျှဖြည့်ဆည်းပေးပြီးသားပင်။
"အစ်ကိုဓန အားလုံးအဆင်ပြေရဲ့လား"
Hotelဧည့်ခန်းမကြီးထဲ၌ ကျွန်းဆက်တီတစ်စုံတွင် ထိုင်နေကြသည်က Neriumလုပ်ငန်းစု၏ ပိုင်ရှင်များဖြစ်ကြသော ရှင်မင်းဒဿနှင့် စောနေယက္ခ။
" စိတ်တိုင်းကျပါတယ် ညီတို့ ကိုယ်အရေးကြီးကိစ္စတစ်ခုရှိသေးလို့ နောက်မှသီးသန့်ဆုံကြတာပေါ့"
"ဟား! ဟား ! အစ်ကိုဓနကြည့်ရတာ အရမ်း အရမ်း အရေးကြီးနေပုံပဲ"
စောနေက ဟာသနှောကာရယ်ရယ်မောမောပြောသည်။
"ကိုကို သူများကိစ္စဝင်မပါနဲ့"
"အင်းပါ အင်းပါ ကိုကိုမပြောတော့ဘူး ဟုတ်ပြီလား"
ဆူပုတ်ပုတ်လေးပြောနေသော ရှင်မင်းကို ပါးလေးဖွဖွညစ်လိုက်ရင်း စောနေက ဂုဏ်ဘက်လှည့်ပြုံးပြသည်။
"အဟက်! ညီကတော့ ခန့်မှန်းတာတော်နေတော့တာပဲ ကဲကိုယ်သွားပြီ"
"အိုကေ နောက်မှတွေ့မယ် အစ်ကိုဓန"
ဂုဏ်က နက်တိုင်ကိုလက်တစ်ဖွင့်ဆွဲဖြေလိုက်ရင်း စမတ်ကျကျပင်လျှောက်လှမ်းသွားသည်။
သူ့အနေနှင့် အခြားလောဘသက်သက်ဖြင့်ချည်းကပ်လာသော လုပ်ငန်းရှင်များထက် အရည်အချင်းအစစ်အမှန်ဖြင့်အောင်မြင်နေသော Neriumနှင့် လက်တွဲခွင့်ရခဲ့သည်က စိတ်ရောကိုယ်ပါ လိုက်လှဲခြင်းဖြင့်သာ။
Nerium၏ ဆက်ခံသူက ငယ်ငယ်ရွယ်ရွယ်ဖြင့် လိင်တူချင်းလက်ထပ်ထားကြသော်လည်း စီးပွားရေးလောကမှာတော့ ဂုဏ်တို့ Unityပင်လိုက်မမှီသေးသည်မို့ တော်ရုံနှုတ်မလန်ရဲကြတာ သိပ်တော့အဆန်းမဟုတ်ပေ။
ŞİMDİ OKUDUĞUN
𝐀 𝐌𝐨𝐨𝐧𝐥𝐢𝐭 𝐍𝐢𝐠𝐡𝐭 'OC'