Part-6

914 23 4
                                    


Unicode

"ကိုကြီး နန့်ပုပ်ကြိုးတံတားဘက်သွားမှာဆို ရွယ်လဲလိုက်ချင်တယ်"

အကြင်နာက မေမေသုပ်ပေးလိုက်သော ဂျင်းသုပ်ပန်းကန်ကို Laptopတစ်လုံးဖြင့် အလုပ်ရှုပ်နေသော ဂုဏ်၏စားပွဲပေါ်သို့ အသာချပေးရင်းဆို၏။

ဂုဏ်က သူမကိုမကြည့်။ ပို့စရာရှိနေသောMailတွေဆက်ပို့နေကာ ဆောက်လုပ်ရေးအတွက် လိုအပ်သော အမှာစာရင်းတွေပြန်စစ်နေရင်း...

"ကိုယ်ကဆိုင်ကယ်နဲ့လိုက်မှာ ဧည့်သည်တွေပဲကားနဲ့သွားမှာ အပြန်ဂေါက်ကွင်းလဲဝင်ကြဦးမှာ ဘာလိုက်လုပ်မှာလဲ"

"ရွယ်ပျင်းလို့လေ"

"ပျင်းရင်အိပ်နေလေ"

ဂုဏ့်အသံက စိတ်မရှည်နေတာလဲမဟုတ်သလို ဒေါသထွက်နေတာလဲမဟုတ်။ သူပြောနေကျလေသံအတိုင်းပင်။ ကြားရသောအကြင်နာမှာသာ စိတ်ကလေး ဖုထစ်သွားရသည်မို့ နှုတ်ခမ်းလေးဆူလိုက်ပြီး....

"အိပ်ရမှာကို ပျင်းနေပါတယ်ဆို"

ဂုဏ်ကတစ်ချက်မော့ကြည့်လာကာ ခေါင်းခါလိုက်ရင်း...

"ပြောပြီးပြီနော် ကိုယ်ကဆိုင်ကယ်နဲ့"

"လိုက်မှာ"

"ဖြေးဖြေးလေးမောင်းမှာမဟုတ်ဘူးနော်"

"ရတယ်"

"စကားများလို့မရဘူး"

"ရွယ်က တေမိမင်းလုပ်ပေးမှာပေါ့"

ဒီကလေးမကို ဂုဏ်တကယ်မနိုင်ပါ။ မရမချင်းတစ်ဂျီဂျီလုပ်နေမှာဖြစ်သည်။ တစ်ဦးတည်းသော သမီးဖြစ်သည့်အပြင် အလိုလိုက်ခံထားရသည်မို့ ဆိုးနေပေမယ့် ပျက်စီးနေတာမျိူးလည်း မဟုတ်ပြန်။ ပြောစရာဆိုလို့ သူ့ကိုအရမ်းကပ်လွန်းနေတာပင်။

သူမိုးညှင်းရောက်ကာစ နှစ်လအတွင်း အရိပ်တောင်မမြင်ရသောကောင်မလေး။ အန်တီကြူပြော၍သာ ဘေးအိမ်တွင် ကောင်မလေးတစ်ယောက်ရှိမှန်းသိရသည်။ တစ်ခါတစ်လေ ဓာတ်ပုံတွေလာပြရင်း မိတ်ဆွေဖွဲ့နေသော ဘေးအိမ်မှအန်တီယမင်းကြောင့်သာ ထိုကလေးမမျက်နှာကို ဖမ်းမိနေခဲ့ခြင်းသာ။

"ပြီးရော"

ဂုဏ်ကအလျော့ပေးလိုက်မှ ထိုကလေးမမျက်နှာက ရွှေလမင်းနှယ် ချက်ချင်းဝင်းပလို့။

You've reached the end of published parts.

⏰ Last updated: Feb 01, 2023 ⏰

Add this story to your Library to get notified about new parts!

𝐀 𝐌𝐨𝐨𝐧𝐥𝐢𝐭 𝐍𝐢𝐠𝐡𝐭 'OC'Where stories live. Discover now