2

300 45 2
                                    

" ငါ့ခဲဖျက်ပြန်ပေး "

မုန့်စားဆင်းချိန်ဖြစ်တာမို့ သူငယ်တန်းဆိုတဲ့အခန်းလေးထဲတွင်သူငယ်တန်းကလေးငယ်များဆော့တဲ့သူကဆော့ကာအတန်းထဲဆူညံလျက်ရှိသည်။ထိုအသံတွေကြားမှ ငိုသံလေးတစ်ခုက ခပ်စူးစူးထွက်လာလေသည်။ထိုငိုသံလေးကြောင့်ဆော့နေတဲ့ကလေးငယ်လေးများကလည်းထိုငိုသံရှိရာသို့ကြည့်လာကြသည်။ထို့ကြောင့်အခန်းလေးထဲတွင်ခနမျှတိတ်ဆိတ်ငြိမ်သက်သွာသည်။

" ငါ့ခဲဖျက်ပြန်ပေးလို့ "

ခုံပေါ်ထိုင်ကာငိုနေတာမျိုးမဟုတ်ဘဲအခန်းကြမ်းပြင်တွင်ခြေဆင်းကာငိုနေသောကလေးလေးတစ်ယောက်။ဘာပြဿနာဖြစ်နေလဲမသိပေမဲ့ဖြေရှင်းပေးဖို့ရာထိုအခန်းလေးထဲတွင်ဆရာ/ဆရာမဆိုသည်မှာလည်းတစ်ယောက်တောင်ရှိမနေပါ။ထိုကလေးလေးကတော့လက်ဖွေးဖွေးတိုတိုတုတ်တုတ်လေးတွေနဲ့မျက်လုံးလေးများကိုပွတ်သပ်ကာခြေဆင်းငိုနေသည်မှာမရပ်ပေ။

ထိုကလေးငိုသံကြောင့် ဆောင်းဟွန်းပုံဆက်ဆွဲလို့မရဝောာ့ပေ။
တခြားကလေးတွေလိုဆော့ကစားရသည်ကိုဝါသနာမပါသောဆောင်းဟွန်းကအားလပ်ချိန်ဆိုပုံတွေသာထိုင်ဆွဲနေတတ်သည်။အခုတော့အတွေးထဲဝင်လာသည်ကဘယ်ကလေးကအဲ့လောက်အာပြဲလန်အောင်ငိုနေပါသလဲဆိုတဲ့မေးခွန်းပင်။

စိတ်တိုတိုနဲ့ထိုငိုသံကြားရာကိုကြည့်လိုက်တော့အာပြဲလန်အောင်ပိပိပြားပြားထိုင်ကာခြေဆင်းငိုနေသည်က ဆောနူပင်ဖြစ်သည်။ထိုပြဿနာကိုဖြေရှင်းရန် ဆောင်းဟွန်းခြေလှမ်းတွေကငိုနေသောကလေးနဲ့ထိုငိုနေသောကလေးအားကြည့်နေသောကလေးအုပ်စီသို့။

" ဘာဖြစ်တာလဲ "

သူငယ်တန်းလေးတွေဖြစ်ပေမဲ့ တစ်ခန်းလုံးကဆောင်းဟွန်းကို‌ တော့ရှိန်ကာကြောက်ရသည်။သက်တူရွယ်တူဆိုပေမဲ့ ဆောင်းဟွန်းကတခြားကလေးတွေနဲ့မတူဘဲအမြဲမျက်နှာတည်နဲ့နေကာလူကြီးပုံဖမ်းတတ်သည်။ထို့ကြောင့်တခြားကလေးအားလုံးမှာကြောက်ကာရှိန်ရသည်။ဒါပေမဲ့ ထိုနေ့က သူငယ်တန်းစတက်ရသည့်နေ့။ကျောင်းစတက်ရသည့်နေ့မှာပင် ဆောင်းဟွန်းက ရွယ်တူကလေးတွေရဲ့ရှိန်ကာကြောက်ခြင်းကိုခံရသည်။

အဖြူအစိမ်း ( Completed )Where stories live. Discover now