5

244 40 0
                                    

မနေ့ကဟိုကလေးမမွှေသွားတဲ့ကိစ္စကြောင့်အခုချိန်ထိဆောနူသူ့ကိုစကားမပြောသေးပေ။ဆောနူကသူ့ကိုစိတ်ဆိုးစိတ်ကောက်တာမျိုးသိပ်မရှိ။တကယ်စိတ်ဆိုးပြီဆိုရင်လည်း
တစ်ပတ်လောက်သူနဲ့စကားမပြောဘဲနေနိုင်တဲ့သူ။သူကသာ
ဆောနူကိုစိတ်ဘယ်လောက်ဆိုးဆိုးတစ်ရက်တောင်မခံဘဲပြန်ခေါ်ရတာချည်းပင်။

အခုလည်းမနေ့ကကိစ္စနှင့်သူ့ကိုဒီနေ့နေ့လည်ထမင်းစားကျောင်းဆင်းတဲ့အချိန်ထိစကားလုံးဝမပြောပေ။ဒါပေမဲ့ဒီစာကိုဆောနူအားသူလုံးဝပြမည်မဟုတ်။ဟိုမိန်းကလေးဆီသာသတိစကားနှင့်အတူဒီစာပါသွားပေးရမည်။

" Lily ဆိုတာဒီအခန်းထဲမှာရှိလား "

7တန်း B အခန်းဝမှအသံကြောင့်ထိုအခန်းထဲမှကျောင်းသားအားလုံးအသံလာရာဘက်သို့ခေါင်းလှည့်လာကြသည်။
အခန်းဝမှာရပ်နေသူကိုသူတို့မသိစရာအကြောင်းမရှိ။သူတို့ကျောင်းရဲ့အချောဆုံးမာနအကြီးဆုံးကျောင်းသားဟုတင်စားခေါ်ဝေါ်ကြသည်အထိ ဆောင်းဟွန်းက ဒီကျောင်းမှာနာမည်ကြီးသည်။အမြဲမျက်နှာတည်နဲ့နေကာသူ့ဘေးမှာအမြဲရှိနေတတ်သည့် ဆောနူ မှလွဲ၍ဘယ်အရာကိုမှဂရုမစိုက်တတ်သူ။

ဆောင်းဟွန်းကိုဆောနူနဲ့အတူအမြဲတွဲတွေ့ရသလို၊ဆောနူကိုလည်းဆောင်းဟွန်းနဲ့သာအမြဲတွဲတွေ့တတ်ရသည်။ဆောင်းဟွန်းနဲ့ဆောနူ၊ဆောနူနဲ့ဆောင်းဟွန်းဆိုတာအမြဲပူးကပ်တွဲလျက်ရှိနေတတ်သောစကားစုတစ်ခုလိုပင်ဖြစ်သည်။

" ငါဒီမှာ ဆောင်းဟွန်း "

ဆောင်းဟွန်းသူ့နောက်မှစကားသံကြောင့်အသံလာရာဘက်သို့လှည့်ကြည့်လိုက်သည်။မနေ့ကလိုပင် Lily ဆိုတဲ့ ကောင်မလေးဘေးတွင်သူမသူငယ်ချင်းနှစ်ယောက်ပါရှိနေသည်။

" ဒီမှာ ၊ နင့်စာကိုလာပြန်ပေးတာ "

ဆောင်းဟွန်းလက်လှမ်းပေးလာသောစာကို Lily ကမယူသေးဘဲ

" ဒီစာကို ဆောနူဖတ်ပြီးပြီလား "

" ဖတ်စရာအကြောင်းမှမရှိဘဲ "

ဒီစာကဘယ်သူ့ကိုပေးလဲမသိတဲ့ဆောနူက ဒီစာကိုဆောင်းဟွန်းယူလာခဒ့မလို့အခုထိစိတ်ဆိုးနေတာမဟုတ်လား။ဘယ်သူ့ကိုပေးတယ်ဆိုတာဆောနူလည်းသိစရာမလိုသလို၊ဒီကိစ္စအတွက်နဲ့လည်းသူဆောနူနဲ့မခေါ်မပြောမဖြစ်ချင်။

အဖြူအစိမ်း ( Completed )Where stories live. Discover now