" တက် "
" ငါ့ကိုစိတ်ဆိုးပြေပြီလား "
" မပြေသေးဘူး "
ဆောင်းဟွန်းမျက်နှာကသူ့ပုံစံအတိုင်းခပ်တည်တည်ပင်၊စိတ်ဆိုးနေတော့ပိုပြီးတည်နေသလိုခံစားရသည်။
" ဘာစိတ်ဆိုးနေတာလဲကွာ၊မင်းပြောမှငါကသိမှာပေါ့ "
ဆောနူမျက်နှာငယ်လေးနဲ့ကြည့်ကာပြောတော့သက်ပြင်းချကာစက်ဘီးနင်းရန်ပြင်သည်။
" ဆောင်းဟွန်း "
" သေချာကိုင်ထား "
သေချာကိုင်ထားဆိုတော့လည်းသူ့ခါးကအင်္ကျီစကိုသေချာကိုင်ထားရသည်။သူတို့အိမ်နဲ့ကျောင်းကမဝေးပေမဲ့ ဆောနူ
ခြေထောက်နာနေတာမို့ စက်ဘီးနဲ့သွားကြခြင်းဖြစ်သည်။
မဝေးတဲ့လမ်းကြောင်းဖြစ်တဲ့အတွက်သိပ်မကြာခင်မှာပဲကျောင်းရှေ့သို့ရောက်လာသည်။စက်ဘီးထားရာနေရာတွင်စက်ဘီးကိုသေချာစီရပ်ကာ သူ့အားဆောင်းဟွန်းကကျောပိုးကာအခန်းထဲခေါ်သွားသည်။ဘာစကားတစ်ခွန်းမှမပြောလာတော့ ဆောနူနေရခက်လာသည်။
နောက်ပြီး ဆောနူ ဆောင်းဟွန်းကိုကြောက်လာသည်။ပုံမှန်အချိန်ဆိုမကြောက်တတ်ပေမဲ့ဆောင်းဟွန်းမျက်နှာတည်နေရင်သူကြောက်ပါသည်။ဆောင်းဟွန်းနဲ့သူကတစ်တန်းတည်းထိုင်တာမို့ဆောင်းဟွန်းကဆောနူအားခုံပေါ်သေချာချပေးပြီးသူပါဆောနူအနားဝင်ထိုင်လေသည်။ဆောနူကအလယ်ကထိုင်သူဖြစ်ပြီးဆောင်းဟွန်းနဲ့ဝေကြီးကသူ့တစ်ဖက်တစ်ချပ်စီမှာထိုင်ကြခြင်းဖြစ်သည်။
ရောက်လာကတည်းကဘာတစ်ခွန်းမှမပြောတဲ့ဆောင်းဟွန်းကြောင့်ဝေကြီးကဆောင်းဟွန်းဘက်မေးငေါ့ပြကာဆောနူကို
" ဘာဖြစ်နေတာလဲ " ဆိုတဲ့သဘောဖြင့်မေးသည်။သူလည်းသေချာမသိတာမို့ခေါင်းသာရမ်းပြမိသည်။ထိုအခါဝေကြီးက ဆောင်းဟွန်းကိုတစ်ချက်ကြည့်ကာသူလုပ်စရာရှိတာကိုဆက်လုပ်နေသည်။ကျောင်းတက်ခေါင်းလောင်းမထိုးသေးတာမို့အတန်းထဲတွင်ကျောင်းသားတချို့သာရှိနေကြသည်။
ကျောင်းမတက်သေးတဲ့အတွက်တချို့ကဆော့ကစားနေကြခြင်းဖြစ်သလို၊တချို့ကလည်းကျောင်းတွင်းတနေရာတွင်ဝိုင်းဖွဲ့စကားပြောနေတတ်ကြသည်။