6 ( Final )

407 49 11
                                    

" ဆောနူ "

နောက်မှခေါ်သံကြောင့် ဆောနူရောဆောင်းဟွန်းပါအသံလာရာဆီလှည့်ကြည့်မိကြသည်။ကျောင်းပါက်ဝသို့ဝင်ခါစဖြစ်တာမို့ကျောင်းပေါက်ဝဂိတ်တံခါးနားတွင်သူတို့စုံနေကြခြင်းဖြစ်သည်။

ထိုအသံကို ဆောင်းဟွန်း ကောင်းကောင်းမှတ်မိသည်။Lily ဘေးတွင်သူနဲ့အရင်ကတွေ့သလိုသူမသူငယ်ချင်းနှစ်ယောက်လုံးမပါ၊တစ်ယောက်သာပါလာသည်။

" ငါပြောစရာရှိလို့ ဆောနူ "

" ပြောပါ "

Lily စကားကြောင့် ဆောနူ ဆောင်းဟွန်းကိုတစ်ချက်ကြည့်မိလိုက်သည်။ဆောင်းဟွန်းကတော့ပုံမှန်သာဖြစ်သည်။Lily ကိုလည်းပုံမှန်သာပြန်ကြည့်နေသည်။ဘာပြောမယ်မှန်းမသိတာမို့ ဆောနူ ခပ်အေးအေးသာပြန်ပြောမိခြင်းလည်းဖြစ်သည်။

" ငါနင့်ကိုသဘောကျတယ် ဆောနူ ၊ စာပေးရင်လည်းနင်ယူမှာမဟုတ်ဘူးဆိုတာသိလို့ငါကိုယ်တိုင်လာပြောတာ "

Lily စကားကြောင့် ဆောနူ ဆောင်းဟွန်းကိုမသိမသာတစ်ချက်ကြည့်လိုက်သည်။ဆောင်းဟွန်းကတော့ ဆောနူ ဘာပြန်ပြောမလဲဆိုတာကိုအကဲခတ်သည့်ဟန်ဖြင့် ဆောနူ ကိုပုံမှန်အကြည့်ဖြင့်သာပြန်ကြည့်နေသည်။

Lily က မိန်းကလေးတန်မဲ့ထိုသို့စပြောရသည်ကိုအနည်းငယ်ရှက်သည့်ဟန်ပါးလေးနှစ်ဖက်နီရဲနေသည်။Lily ကမိန်းမချောလေးတစ်ယောက်ပါ။ဖြူဝင်းတဲ့အသားရည်၊သေးသွယ်တဲ့ခန္ဓာကိုယ်အချိုးအစား၊လှပချောမောတဲ့မျက်နှာလေးကအပြစ်ပြောစရာမရှိပေ။တစ်ခုပဲ သူ့အတွက်သူမရဲ့အလှတရားတွေကရင်ခုန်ရစ်မူးဖွယ်မကောင်းခြင်းပင်ဖြစ်သည်။သူမပုံစံကစူးရှပြတ်သားပုံပေါက်သည်။အားလုံးကရှိနကြသည့် ဆောင်းဟွန်းကိုပင်ဂရုတစိုက်ရှိဟန်မပြ။
ဆောနူ အနားမှ ဆောင်းဟွန်းအားမရှိသလိုပင်ပြူမူနေခြင်းဖြစ်သည်။ဘေးမှသူမသူငယ်ချင်းကတော့‌ ဆောင်းဟွန်းကိုကြောက်နေသည့်ပုံပင်။ကျွန်တော်တို့အားစေ့စေ့ပင်မကြည့်ရဲ။

" အားတော့နာပါတယ် Lily , ငါတို့ကငယ်သေးတယ်လေ "

" အချစ်မှာအသက်အရွယ်မရှိဘူး၊အကန့်အသတ်မရှိဘူး ဆောနူ "

အဖြူအစိမ်း ( Completed )Where stories live. Discover now