" ရှင်း... ရှင်း ညကကိစ္စကိုရှင်း "
အိမ်ရှေ့ထိုင်ခုံတန်းလျားတွင် ဆောင်းဟွန်းမေမေလုပ်ပေးထားသောကောက်ညှင်းပူပူလေးကိုနှစ်ယောက်သားထိုင်စားနေရင်း ဆောနူကညကကိစ္စကိုမကျေမနပ်ထပြောလာသည်။
" ပြီးအောင်စား ၊ ရေနွေးကပူမယ်ဖြည်းဖြည်းသောက် "
မကျေနပ်နေသောညကကိစ္စအားဖြေရှင်းချက်ကိုအလွန်ပင်ကြားချင်နေပီဖြစ်သည်။ထို့ကြောင့်မနက်စာအားသွက်သွက်လက်လက်စားနေမိသည်။
" ဖြည်းဖြည်းစားပါ ဘယ်သူမှလူမစားဘူး နင်အုံးမယ် "
အဲ့လိုပဲ ဆောင်းဟွန်းမျက်လုံးထဲမှာ ဆောနူက ကလေးလေးတစ်ယောက်ပင်ဖြစ်သည်။
ဆောနူ ရေနွေးတစ်ခွက်သောက်ကာမနက်စာစားခြင်းကိုအဆုံးသတ်လိုက်တော့သည်။" ပြောတော့ "
" အဲ့တုန်းက မင်းလဲကျသွားတာကိုမြင်မြင်ချင်းငါစိတ်တိုသွားခဲ့တာ"
ဆောင်းဟွန်းကထိုသို့ပြောရင်းစကားကိုခဏရပ်သည်
" မင်းငါ့စကားကိုနားမထောင်ပြန်ဘူးဆိုတဲ့စိတ်ရော မင်းကိုလဲကျသွားအောင်လုပ်တဲ့သူကိုစိတ်တိုတဲ့စိတ်ရောပေါင်းပီး
ငါအများကြီးဒေါသထွက်နေတာ
မင်းဆီအပြေးမလာခဲ့တာက မင်းဆီချက်ချင်းရောက်သွားရင်ငါစိတ်တိုတိုနဲ့မင်းကိုအော်ငေါက်မိမှာဆိုးလို့
ပြီးတော့ မင်းကိုလဲကျအာင်လုပ်တဲ့သူကိုလည်းငါဆွဲထိုးမိမှာ
အဲ့တာကြောင့် "ဖြေရှင်းအရှည်ကြီးအဆုံးမှာတော့ ဆောင်းဟွန်းကမောသွားသည်ထင် ရေနွေးတစ်ခွက်မော့သောက်သည်။
" ငါတောင်းပန်ပါတယ် .. "
ဆောနူဆီကအသံတိုးတိုးလေးထွက်လာလေသည်။
" ဘာလို့ တောင်းပန်ရပြန်တာလဲ "
" ငါကအကြောင်းရင်းမှန်ကိုမသိဘဲ ညက မင်းကိုစိတ်ကောက်မိတာ "
" ငါကသေချာမရှင်းပြမိလို့ပါ မင်းအပြစ်မဟုတ်ပါဘူး "
" ဟီး "
ထိုအခါမှသာ ဆောနူမျက်နှာလေးရွှင်လာကာ ဟီးကနဲမျက်နှာချိုသွေးကာရယ်ပြလာသည်။အကျင့်ပါနေတဲ့ ဆောင်းဟွန်းဟာလည်း အသည်းယားရင်လုပ်နေကျအတိုင်း ဆောနူရဲ့ပါးမို့မို့လေးကိုအသာယာဆွဲသည်။