🌱3🌱

25 8 0
                                    

[In Oasis Hight school]
[In Class 3-1]

ရှေ့ကဆရာတွက်ပြနေသော သင်္ချာပုစ္ဆာတွေထဲ အာရုံမရောက် မုန့်စားဆင်းချိန်က ကန်တင်းမှာဆုံခဲ့သော Arjushi အကြောင်းကိုတွေးနေမိသော Sehun...

အဲ့ Arjushi ကတကယ်တော့ သူတို့ကျောင်းကို ကာကွယ်ဆေးလာထိုးပေးတဲ့ Dr. တွေထဲကတစ်ယောက်တဲ့.. အဲ့တာကိုသူကမသိဘဲ ကျောင်းစောင့်ဦးလေးကြီးလို့ထင်ပြီး သူခေါက်ဆွဲပြုတ်ထဲ ချိစ့်နဲ့ရေညှိ့ထည့်စားတဲ့အကြောင်းပြောနေတုန်း ဝယ်မစားနိုင်လို့ ထငိုတယ်မှတ်ပြီး ဝယ်ကျွေးလိုက်သေးတာ..

အဲ့အချိန် သူ့ကိုဘာမှပြန်မပြောဘဲ ဆောင်းထားတဲ့ ဦးထုတ်လေးချွတ်ပြီးပြုံးပြလာတဲ့ Arjushi ရဲ့ရုပ်ရည်ကအရမ်းသန့်ပြန်နေတာမို့လို့ Sehun တစ်ခုခုမှားနေပြီဆိုတာ ခံစားလိုက်ရတယ်...

Sehun အဲ့ Arjushi ကို သေချာကြည့်လိုက်မိတော့မှ သူ့လည်းပင်းမှာဆွဲထားတဲ့ ဆရာဝန်သုံးနားကျပ်အမဲလေးကိုမြင်ပြီး ဆရာဝန်မှန်းသိသွားတာ...

တစ်ဖက်က Arjushi ကအဲ့လိုအထင်မှားခံရလို့ Sehun ကိုစိတ်ဆိုးမသွားတာတော်သေးတယ် Arjushi ဝတ်ထားတာက နက်ပြာရောင်ရှပ်လက်ရှည်နဲ့ style-pant အမဲကိုဝတ်ထားတာဆိုတော့ ကျောင်းစောင့်ယူနီဖောင်းနဲ့သွားဆင်နေတာလေ..ပြီးတော့ လျှာပါတဲ့ဦးထုပ်ကိုလည်း ဆောင်းထားတာကို အဲတော့ Sehun အထင်မှားလည်းမှားချင်စရာကြီးရယ်..

ပြန်တွေးမိတော့ Sehun အဲ့ Arjushi ကိုတကယ်အားနာမိတယ် လူတစ်ယောက်ကိုသေချာမကြည့်ဘဲ ထင်ချင်တာထင် သနားပြီး စေတနာတွေအရမ်းထားတတ်တဲ့ သူ့အကျင့်ကိုပြင်အုံးမှပါလေ...

ဒါပေမဲ့ Sehun ကန်တင်းမှာတစ်ယောက်တည်း ခေါက်ဆွဲပြုတ်ထိုင်စားနေတဲ့အဲ့ Arjushi ကိုမြင်ပြီး သူ့အဲ့ Arjushi အနားမှာသွားထိုင်မိတာ ဘယ်သူ့ကိုမှစကားစပြီး မပြောတတ်တဲ့ သူ့ဘက်ကနေ စကားတောင်စပြောလိုက်မိသေး...

Arjushi သူ့ကိုကြည့်ရင်း 'ညီ...'ဆိုပြီးဆွေးဆွေးမြေ့မြေ့လေးခေါ်လာတဲ့အချိန်ကဆို ဘာလို့မှန်းမသိ သူ့ရင်ဘက်ထဲကနာလာတယ် ပြီးတော့သူ့ကို ကြည့်ရင်းငိုလာတဲ့ Arjushi ကြောင့်သူပါငိုချင်လာတဲ့အထိ ရင်ထဲကိုစို့တတ်လာရတာ.ချိစ့်နဲ့ရေညှိ့ဝယ်မယ်ဆိုတာ အကြောင်းပြရင်း ဦးလေးကြီးအနားကနေခနထွက်လာမိသေးတာ..

🌱Always Growth🌱  [Eden Contest]Where stories live. Discover now