🌱6🌱 [Edited ver]

31 3 0
                                    

**Zawgyi **

မျက်ခွံ ပေါ်သို့  ကျရောက်နေသော အလင်းခပ်စူးစူးကြောင့် Sehun မျက်လုံးများဖွင့်လိုက်မိတော့ သူ့ကိုမျက်ရည်အဝိုင်သားနှင့်ကြည့်နေသော Chanyeol ကိုမြင်လိုက်ရသည်။

"Ar...Ar..ju.shi..?"

"အင်း..ကိုယ်ဒီမှာရှိတယ်.."

"ကျွန်တော်ဘာဖြစ်သွားတာလည်းဟင်..?"

"ကျောင်းကလှေကားပေါ်ကနေ..ကလေးခြေချော်ကျလို့ခောင်းကွဲသွားပြီး..သုံးရက်တောင်သတိမေ့နေခဲ့တာ.."

".........."

Chanyeol စကားကြောင့် Sehun ကိုယ့်ခေါင်းကိုကိုင်ကြည့်မိတော့ပတ်တီးသားတွေကိုစမ်းမိသည်။

"ကိုယ်..က..ကလေးများပြန်နိုးမလာတော့ရင်ဆိုပြီး..လန့်သွားတာ.."

သူ့ပါးတစ်ဖက်ကိုလက်ဖြင့်အုပ်ကိုင်လာရင်း မျက်ရည်တွေကျလာသော Chanyeol ကြောင့် Sehun ရင်ဘက်ထဲကအောင့်လာရသည်။

"မငိုနဲ..ကျွန်တော့်ကိုချစ်ရင်မငိုနဲ့.."

"အင်း..မငိုတော့ဘူး...."

သူတကယ်မကြိုက်ဖူး Chanyeol မျက်ရည်တွေကိုမြင်ရတာသူမကြိုက်ဖူး ဟုတ်တယ် သူမှတ်မိသွားပြီ သူက Wu Shi Xun ပြန်ဝင်စားလာခဲ့တဲ့သူဆိုတာ..သတိမေ့နေတဲ့သုံးရက်က သူအရာအားလုံးကို မှတ်မိဖို့အတွက်ဖြစ်သွားတာလားဘဲ..

"နာနေသေးလားဟင်..?ခောင်းမူးလား?နေရထိုင်ရအဆင်ပြေလား?တစ်ခုခုဆိုကိုယ့်ကိုပြောနော်..."

သူ့လက်ကိုကိုင်ထားရင်း စိုးရိမ်တကြီးကြည့်ရင်းတရစက်ပြောနေသော Chanyeol ကိုကြည့်ရင်း Sehun ရင်ထဲပန်းပောင်းစုံပွင့်နေလျက်..

တကယ်ကို အရင်အတိုင်းဘဲ သူနဲ့ပတ်သတ်လာရင်သည်းသည်းလှုပ် စိုးရိမ်နေတတ်တုန်း ဘာလို့ဆို သူတစ်ခုခုဖြစ်ရင် Chanyeol ကထိပ်ဆုံးကနေ ငိုမဲ့မဲ့ဖြစ်နေတတ်တာ ဒဏ်ရာရတာကသူလား၊ကိုယ်လားဆိုတာမကွဲတော့ဘူး...

"အခု နေ့လည်စာစားချိန်ရောက်နေပြီဆိုတော့..ကလေးဗိုက်ဆာနေလောက်ပြီ.. ကိုယ်တစ်ခုခုသွားဝယ်ပေးမယ်နော်ခနစောင့်.."

Chanyeol ပြောရင်း Sehun အနားကနေထကာ နေ့လည်စာတစ်ခုခုသွားဝယ်ရန် အခန်းထဲမှထွက်ဖို့တံခါးနားသို့လျှောက်သွားတုန်း..

🌱Always Growth🌱  [Eden Contest]Where stories live. Discover now