🌱5🌱

46 14 0
                                    

ဆေးတက္ကသိုလ်ပထမနှစ် စတတ်ရတဲ့နှစ်မှာဘဲ Sambe noona တို့ရဲ့ကောင်းမှုကြောင့် King selection ထဲပာသွားပြီး Fresher welcome ပွဲမှာရှိုးလျှောက်ရတယ်...

"ကိုယ့်နာမည်က Park Chanyeol လို့ခေါ်တယ် ညီ..မကြာခင် ညီနဲ့သက်ဆိုင်တဲ့သူဖြစ်လာတော့မှာမို့လို့ ကိုယ့်နာမည်ကိုသေချာမှတ်ထားနော်"

"............."

သူ Stage စင်အာက်က်ိုဆင်းဆင်းခြင်း သူ့ရှေ့ကို ရုတ်တရက်ရောက်ချလာပြီး ပြောချလာတဲ့ ထိုစကားကြောင့် သူကြောင်အမ်းသွားရသလို..

သူ့ရှေ့က Chanyeol ဆိုသူကို သေချာကြည့်မိတော့ သူ့ထက်နှစ်ကြီးတဲ့ Sambe တစ်ယောက်ဖြစ်နေတာကို သိလိုက်ရတယ်..

"ကိုယ်မင်းကိုသဘောကျတယ်..ညီ..တကယ်ကတော့ချစ်တာပာ.."

Sambe ဆက်ပြောလာတဲ့စကားကြောင့် သူ့တစ်ကိုယ်လုံးတောင့်တင်းသွားရပြီး မျက်ခုံးတစ်ဖက်ပင့်တင်လိုက်မိသလို နှုတ်ခမ်းပာတွန့်သွားမိတယ်..

"ဟမ်..?"

"ကိုယ်အတည်ပြောနေတာမို့လို့..ညီ ကိုယ့်ကိုပြန်စဉ်းစားပေးနော်.."

အဲ့အချိန် သူ့ကိုကြည့်ရင်း ပြုံးပြလာတဲ့ Sambe ရဲ့ပါးလေးထက်ကနေ ထွက်ပေါ်လာတဲ့ ပါးချိုင့်နက်နက်လေးကို သူမြင်သွားတော့ အဲ့ပါးချိုင့်လေးကို လက်နှင့်တို့ထိကြည့်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်..

ပြီးတော့ထူးထူးခြားခြား Chanyeol Sambe ရဲ့နားကားကားလေးတစ်စုံကိုပာသူမြင်လိုက်ရပြီး အဲ့နားကားကားလေးကိုပါဆွဲကိုင်ချင်လာပြန်ရော..

မျက်ဝန်းအိမ်ကျယ်ကျယ်နဲ့ မျက်ဝန်းနက်တစ်စုံ၊ထူထဲထဲအမဲရောင်ဆံပင်ကို အနောက်ဘက်ကို အပြောင်လှန်တင်ထားပြီး သူ့ထက်အရပ်ရှည်တဲ့ Sambe ကချောမောတဲ့သူတစ်ယောက်ပါ...

အဲ့အချိန် ပန်းသွေးရောင်သန်းနေတဲ့ sambe နှုတ်ခမ်းတွေကို သူအကြည့်ရောက်သွားတော့ စိတ်ထဲ တဖြည်းဖြည်းမရိူးမရွဖြစ်လာရတာကြောင့် Sambe အနားကနေအမြန်ရှောင်ထွက်လာလိုက်မိတော့....

"ညီ!!.ခနလေး..!"

နောက်ကျောဘက်ဆီကနေ မတိုးမကျယ်ထွက်ပေါ်လာသော Chanyeol Sambe ရဲ့တားမြစ်သံကြောင့် သူ့ခြေလှမ်များက စက်ရှိန်သတ်လိုက်သည့် ကားလေးတစ်စီးလို တိခနဲရပ်တန့်ပေးလိုက်မိတယ်..

🌱Always Growth🌱  [Eden Contest]Where stories live. Discover now