🌱7🌱

86 13 5
                                    

[၄ နှစ်ကျော်ခန့်အကြာ..]

[In Star Economics University]

Sehun တစ်ယောက် ဘွဲ့နှင်းသဘင်အခန်းအနားကျင်းပရာ hall ခန်းမထဲက ခုံလေးတစ်ခုပေါ်တွင် မျက်နှာလေးဆူပုတ်ကာ ထိုင်နေတုန်း ခြေသံတစ်ခုနှင့်အတူ သူ့နှာခေါင်းထဲသို့တိုးဝင်လာသော နှင်းဆီကိုယ်သင်းရနံ့ခပ်သင်းသင်းလေးကြောင့် hall ခန်းမနောက်က အပောက်ဝကို Sehun အကြည့်ပ်ု့ိလိုက်မိသည်။

"ကလေးလေး..ဟူးး..ကိုယ်...နောက်မကျဘူး..မဟုတ်လား..?ဟင်.?"

အနည်းငယ်မောဟိုက်နေဟန်ဖြင့် အသက်က်ိုခပ်ပြင်းပြင်းရှုရင်း သူ့အနားကိုလျှောက်လာသော Chanyeol ကို Sehun မြင်လ်ိုက်သည်နှင့်..

"ဦး...!!"

                                          /ဘုတ်..!/

"အင့်..!ကလေးလေး..~ ဖြည်းဖြည်းလာမှပေါ့ချော်လဲသွားမှဖြင့်.."

ဇက်ခနဲထရပ်ကာ Sehun ဘွဲဝတ်စုံကြီးတစ်ကားကားဖြင့် Chanyeol ကိုပြေးဖက်ကာခုန်အုပ်ပစ်လိုက်တော့ နောက်သို့လန်မကျအောင် သူ့ခါးကိုထိန်းလိုက်ရင်းပြန်ဖက်လာသော Chanyeol ကြောင့် Sehun မျက်စောင်းလေးတစ်ချက်ထိုးပစ်လ်ိုက်၏။

"ကျွန်တော်အခုဘွဲ့ရပြီ!!ဦး အလုပ်လုပ်စရာမလိုတော့ဘူး!!မနက်ဖြန်ကစပြီးအလုပ်ထွက်..!"

သူ့ကိုစူးစိုက်ကြည့်ရင်း နှုတ်ခမ်းလေးကိုထော်ကာ ခပ်စူစူးအသံလေးဖြင့် အမိန့်ပေးလာသော ရင်ခွင်ထဲကအကောင်ပေါက်လေးအား Chanyeol အသည်းယားစွာငေးကြည့်ရင်း ပြုံးလိုက်မိသည်။

"ဘာလို့လဲ..ကလေးရဲ့..?"

"ဘာလို့ကမှာလဲ..!!အမြဲတမ်း ခင်ဗျားကြီကဆေးရုံဂျူတီချိန်တွေနဲ့ဘဲပြည့်နေလို့လေ..!!"

"အာ..."

"အာ မနေနဲ့..!ဦးအသက်ကအခု ၂၀ ကျော်လူငယ်လေးမဟုတ်တော့ဘူးနော်!၅၀ ထဲဝင်နေပြီ အလုပ်ကိုဖိလုပ်ရမဲ့အရွယ်မဟုတ်တော့ဘူး..အဲတော့..အခုကစပြီး ဦး လုပ်ရမှာကတစ်ခုတည်းဘဲ.."

Chanyeol သူ့ကိုကြည့်ရင်း ဘွဲ့ ဦးထုတ် လျှာလေးကိုတစ်ချက်ပွတ်ဆွဲလိုက်ရင်း မျက်ခုံးတစ်ချက်ပင့်တင်ကာ ဆရာကြီးအထာဖြင့် သူ့ကိုကြည့်ရင်း ပြောလာသော Sehun ပုံစံလေးကြောင့် ပြုံးစစဖြစ်သွားကာ..

🌱Always Growth🌱  [Eden Contest]Where stories live. Discover now