🌱4🌱

53 14 0
                                    

ဒီနေ့ကကျောင်းပိတ်ရက်မို့ Sehun ထုံးစံတိုင်းလာနေကျဖြစ်သော သူ့ဦးလေး၏ 'First Snow'စာအုပ်ဆိုင်လေးသို့လာကာ စာဖတ်ရန်ထားပေးထားသော စာအုပ်တန်းလေးထဲသို့ အရင်ဆုံးဝင်သွားလိုက်သည်။

စာအုပ်တွေကိုလိုက်ကြည့်နေရင်း '🌱Always Growth🌱' ဟူသောခောင်းစဉ်လေးဖြင့် ရိုးရှင်းသော အဖြူရောင် cover လေးသာရှိသော စာအုပ်လေးကို Sehun အကြည့်ရောက်သွားသည်။

"Always....growth...."

စာအုပ်နာမည်လေးကို ရေရွတ်လိုက်ရင်း Sehun စိတ်ထဲဘာကြောင့်မှန်းမသိ ဖတ်ချင်သွားကာ ထိုစာအုပ်လေးသာကိုဖတ်ရန်ဆုံးဖြတ်လိုက်ပြီး စာအုပ်လေးကိုင်ကာ စာအုပ်တန်းထဲမှပြန်ထွက်လာလိုက်၏။

အမျိုးအစားပောင်းများစွာ၊ cover လှလှလေးများစွာ၊ခေါင်းစဉ်လှလှလေးများစွာ ရှိနေသော စာအုပ်ကလေးများထဲမှ ဒီရိုးရှင်းသော စာအုပ်ကလေးက Sehun ကိုဘာလို့မှန်းမသိဆွဲဆောင်သွားတာ..

ပုံမှန်ဆို စာအုပ်ထဲကအကြောင်းအရာအချို့ကို ဖတ်ကြည့်ပြီး သဘောကျတယ်ဆိုမှ ယူဖတ်တတ်တဲ့ Sehun ခုတော့ ဒီအတိုင်း ဒီစာအုပ်လေးကို လှန်တောင်မဖတ်ကြည့်တော့ဘဲ ယူလာလိုက်တာ..

Sehun စာအုပ်လေးကိုင်ရင်း သူထိုင်နေကျနေရာလေးဖြစ်သော ဆိုင်၏အရှေ့ဘက် ထောင်စွန်းကျကျ နေရာလေးက ခုံတန်းလေးတွင်ဝင်ထိုင်လိုက်ကာ ဝတ်လာသော Long coat အဖြူလေး၊မာဖလာအဝါလေး နှင့်ခေါင်းစွတ် အပြာလေးက်ိုချွတ်လိုက်ကာ ဘေးကခုံပေါ်တင်ထားလိုက်သည်။

ထို့နောက် ဝယ်လာသော Bubble tea လေးကိုပိုက်ဖြင့်ထိုးဖောက်လိုက်ကာ စုပ်သောက်လိုက်သည်။

Sehun,Bubble tea ကိုငယ်ငယ်လေးထဲက ခုထိကြိုက်လာခဲ့တာဖြစ်ကာ အဲ့တာက ကလေးတွေသောက်တာလို့ပြောပေမဲ့ Sehun လုံးဝကိုဂရုမစိုက်ပါဘူး..သူမှပူစပ်ပြီးခါတဲ့ဟာတွေကိုမှမကြိုက်တာ.....

Bubble tea နဲ့ပတ်သက်လာရင်တော့ ကလေးဆန်တယ်လို့ Sehun သတ်မှတ်ခံလည်းရတယ် သူ့အကြိုက် Bubble tea ကိုတော့လုံးဝစွန့်လွှတ်မှာမဟုတ်လို့ဘဲ ..

Sehun,Bubble tea လေးသောက်နေရင်း သူယူလာသော စာအုပ်လေးကိုစဖတ်ရန် ပထမဆုံးစာမျက်နှာလေးကိုစလှန်လိုက်သည်။

🌱Always Growth🌱  [Eden Contest]Where stories live. Discover now