Chen လမ်းလျှောက်ထွက်လာသည်။ ခြံရှေ့မှ မိန်းကလေးတစ်ယောက် ဖြတ်သွားသည်။
Chen - ဟိတ်.. ဟိတ်
Xiu - ကျွန်မကို ခေါ်တာလားဟင်
Chen - ဟုတ်ပါတယ် မေးစရာလေးရှိလို့
Xiu - ဟုတ်ကဲ့ မေးပါ
Chen - ဒီနေရာကလေ လူနေနည်းတယ်နော် မင်းက ဒီမှာနေတာလား
Xiu - ဟုတ်ပါတယ် oppa လည်းဒီမှာနေခဲ့တာလေ မမှတ်မိဘူးလား
Chen - မင်းလူမှားနေပြီထင်တယ် ကိုယ်က ညကမှ ဒီအိမ်မှာ လာတည်းတဲ့ ဧည့်သည်ပါ
Xiu - oppa xiu ကို မမှတ်မိဘူးလားဟင်
Chen - မင်းနဲ့ ကိုယ်နဲ့ အရင်က ဆုံဖူးလို့လား?.... ဪ.... ဟုတ်ပြီ ဟုတ်ပြီ လာတဲ့လမ်းမှာ တွေ့တဲ့တစ်ယောက် မှတ်မိပြီ
Xiu - မမှတ်မိဘူးပေါ့လေ.. ရပါတယ် နောက်မှတ်မိမှာပေါ့...
Chen - ကိုယ်ပြောချင်တာက......
Xiu - ခွင့်ပြုပါဦး အလုပ်လေးရှိလို့..
Chen - ဟုတ်..ဟုတ်ကဲ့
Xiumin ထွက်သွားသည်။ တစ်ဖက်တွင်လည်း
Hun - project အတွက် ဘာမှလည်း မထူးခြားဘူး
Lulu - အေးလေ အခုထိ ဘာမှမလုပ်ရသေးဘူး ငါတို့ အမှတ်ရနိုင်ပါ့မလား
Baek - ငါကတော့ ယုံတယ် သရဲတကယ်ရှိတယ် ဆိုတာ
Yeol - ဟျောင့် camera ကိုကြည့်စမ်း chen ဟိုမှာ ဘာလုပ်နေတာလဲ ဟိုဘက်က ကွယ်နေတော့ မမြင်ရဘူး တစ်ယောက်ယောက်နဲ့ စကားပြောနေသလိုပဲ
Kai - ဒီနားမှာနေတဲ့ လူတစ်ယောက်ယောက် ဖြစ်မှာပေါ့ ဘာ စပ်စုနေလဲမသိဘူး
ခဏအကြာ Chen ၀င်လာသည်။
Lulu - ဟဲ့ နင် ခုနက ဘယ်သူနဲ့စကားပြောနေတာလဲ
Chen - ဒီနားမှာနေတဲ့ သူပါ ဘာမှလည်း မပြောပြဘူးဟ
Yeol - ဪ..... ဒါနဲ့ ငါနဲ့ Hun လိုအပ်တာလေးတွေ သွားဝယ်မလို့ မင်းဘာမှာ ဦးမလဲ
BINABASA MO ANG
''GHOST of LOVE''
Fanfictionချစ်သူပြန်အလာကို စောင့်နေပြီး နှစ်ပေါင်းများစွာကြာမှ ပြန်ရောက်လာပေမယ် ဘ၀တွေခြားမှန်း သိလိုက်သောအခါ........