Episode 8

1.6K 187 0
                                    

Kai သတိရလာသည်​။ နဖူး​ပေါ်မှ အ၀တ်​​လေးအားဖယ်​ရင်း ကြည့်​လိုက်​ရာ ကုတင်​ဘေးတွင်​ အိပ်​​ပျော်​​နေ​သော chen ကို ​တွေ့လိုက်​ရာ အံ့သြသွားသည်​။ ဆံပင်​စ​လေးများ သပ်​​ပေးရင်း

Kai' prov - အစကတည်းက ငါမှားခဲ့တာလား နင့်​ကို ပိုင်​ဆိုင်​ရမယ့်​ သူက ငါမဟုတ်​ခဲ့တာလား

စဉ်းစားရင်း chen နိုးလာသည်​။ kai ဘာမှမဖြစ်​သလို ဟန်​​ဆောင်​လိုက်​သည်​။

Chen - နင်​ သတိရလာပြီလား သက်​သာရဲ့လား
Kai - ငါဘာမှမဖြစ်​ပါဘူး နင်​လုပ်​စရာ ရှိတာ သွားလုပ်​​တော့​လေ ငါ့​ကြောင့်​နဲ့ အလုပ်​​တွေပျက်​ကုန်​ဦးမယ်
Chen - ရပါတယ်​ Hun တို့ ကူလုပ်​​ပေး​နေတာပဲ ကိုယ်​ပူ​ရောကျသွားပြီလား

Chen ​မေးရင်း kai ရဲ့ နဖူး​လေးအား စမ်းကြည့်​လိုက်​သည်​။ kai ရှက်​ရှက်​နဲ့

Kai - ဘာမှမဖြစ်​​တော့ပါဘူးဆိုမှ
Chen - အင်း.. ကိုယ်​ပူ​တော့ ကျသွားပြီပဲ ခဏ​လေး​နော်​ ငါ​ရေဇလုံ သွားလဲလိုက်​ဦးမယ်
Kai - အင်း

Kai ဘာ​ကြောင့်​မှန်းမသိ ပြုံးလိုက်​မိသည်​။ chen ထွက်​သွားပြီး ခဏအကြာ အခန်း​ထောင့်​မှ မှန်​ထဲတွင်​ ​တွေ့လိုက်​ရသည်​မှာ

Kai - xi..xiu (အသံ​တွေတုန်​လျက်​)

တစ်​ဖက်​တွင်​လည်း yeol တို့ camera မှပုံရိပ်​​တွေ ပြန်​စစ်​ရင်း

Hun - camera မှာ အကုန်​​ပေါ်တာပဲ
Lulu - ​အေး​နော်​ ဒါ​တွေကို chen ကိုပြရမယ်​ ဒါမှ သူလက်​ခံမှာ တကယ်​​ကြောက်​စရာ ​လောကကြီးထဲ ​ရောက်​​နေသလိုပဲ​နော်
Yeol - ​အေးဟ ဒီအဖြစ်​အပျက်​​တွေ အကုန်​လုံး project အ​နေနဲ့​ရော မှတ်​တမ်းတင်​ထားရဲ့လား
Baek - ငါအကုန်​​ရေးထားတယ်​ မပူပါနဲ့
Lulu - ဒါနဲ့ yeol နင်​​ပြောပုံ အရဆို KimJongDae က ပြန်​​ရောက်​မလာခဲ့ဘူး​ပေါ့ ဘာ​ကြောင့်​များလဲ ပီး​တော့ xiu က​ရော ဘာ​ကြောင့်​ ဒီလိုဖြစ်​သွားတာလဲ
Baek - ငါက​တော့ xiu ရဲ့ appa က တစ်​ခုခုပဲ သူခိုင်းတဲ့ အလုပ်​ကိစ္စက ​သွေးရိုးသားရိုး​ရော ဟုတ်​ရဲ့လား ငါ့အထင်​​ပြောရရင်​ သူကများ..
Hun - ငါလည်း အဲ့လိုပဲ ​တွေးတယ်
Yeol - ငါတို့ ​ဖော်​ထုတ်​ဖို့​တော့ လိုလာပြီ ဒါမှမဟုတ်​ရင်​ အားလုံးအတွက်​ အထူးသဖြင့်​ chen အတွက်​ အရမ်း အန္တရာယ်​ ရှိနိုင်​တယ်
Baek - ပြီး​တော့​လေ ဟို Arjushi က တစ်​ခုခုများ သိထားမလားပဲ ထူးလည်းထူးဆန်းတယ် ခဏခဏ ​ပျောက်​​ပျောက်​သွားတယ်​​နော်

''GHOST of LOVE''Tempat cerita menjadi hidup. Temukan sekarang