Episode 12 (ဇာတ်​သိမ်း)

2.7K 260 16
                                    

တဖြည်းဖြည်းနဲ့ မိုးလင်းလာသည်​။
Kai နဲ့အတူ သူငယ်​ချင်းများ အားလုံး​ chen ဆီ​ပြေးသွားကြသည်​။

Kai - chen သတိထားပါဦး chen..

@@ - မမ​လေး ရပ်​တန်းက ရပ်​လိုက်​ပါ​တော့ ဆက်​ပြီး လုပ်​​နေဦးမယ်​ဆိုရင် မမ​လေးပဲ ထိခိုက်​လိမ့်​မယ်
Xiu - ငါ့ကိုနာကျင်​​အောင်​ လုပ်​တဲ့သူ​တွေအားလုံး ငါခွင့်​မလွှတ်​နိုင်​ဘူး အားလုံး ​သေ​စေရမယ်

သွေးမျက်​ရည်​များကျလာကာ တစ်​​ယောက်​ချင်းဆီအား လှမ်းကြည့်​လိုက်​သည်​။ တဖြည်းဖြည်း ​လေ​ပေါ်​ရောက်​ကာ အမှိုက်​များ လွှင့်​သွားသလို တစ်​​ယောက်​ တစ်​​နေရာဆီ လွှင့်​သွားသည်​။ chen နားတွင်​ kai သာ ကျန်​ရစ်​​တော့သည်​။ yeol လည်း ချက်​ချင်းပြန်​ထလာကာ baek အား​ပြေးထူ​ပေးသည်​။ ထို့အတူ hun က​တော့ lulu ကို​ပေါ့။

လှေကားထက်​မှ တဖြည်းဖြည်း ဆင်းလာရင်း kai အား ဆွဲဖယ်​လိုက်​သည်​။ ထို့​နောက်​ ​လှေကား​ပေါ်မှပြုတ်​ကျကာ လှဲ​လျောင်း​နေ​သော chen အား ဆွဲယူပြီး အိမ်​အပြင်​ဘက်​သို့ ​ပြေးထွက်​သွားသည်​။

®® - အမြန်​လိုက်​မှ ဖြစ်​မယ်

အားလုံး​ပြေးလိုက်​သွားသည်​။

@@ - မမ​လေး အခုရပ်​လိုက်​ပါ...

ဘယ်​လိုတားတားမရဘဲ ဆက်​လက်​ထွက်​သွားသည်​။ အပင်​ကြီးတစ်​ပင်​နားအ​ရောက်​ ရပ်​တန့်​သွားသည်​။chen အား အပင်းကြီးကိုမှီလျက်​ ထားကာ လက်​ထဲတွင်​ ဓားကို ကိုင်​ထားလျက်​ ​နေမွန်းတည့်​ချိန်​အား ​စောင့်​​နေသည်​။

®® - ဟိုမှာ ​တွေ့ပြီ
Yeol - တားမှဖြစ်​မယ်​..
Lulu - ဘယ်​လို တားရမလဲ ​ပြောပါဦး arjushi
@@ - ခုနက မိန်းက​လေး ပြန်​လည်​ကူညီမှရမယ်
Kai - ရပါတယ်​ chen သာ အသတ်​မ​သေဘူးဆိုရင်​ kai အသက်​​ပေးရလည်း ​ပေးမှာပါ
®® - ဒါဆိုရင်​ ဒီဖ​ယောင်းတိုင်​ နှစ်​တိုင်​ကို တစ်​ဖက်​ဆီကိုင်​ပြီး မျက်​စိမှတ်​ထားပါ ပြီးရင်​ chen နဲ့ မင်း အတူရှိ​နေခဲ့တဲ့ အ​ကြောင်း​တွေ ပုံရိပ်​​တွေကိုပဲ မြင်​​ယောင်​​ပေးပါ ​နေမွန်းမတည့်​မီ chen သတိရလာမှ ဖြစ်​မယ်​ ​နေရမယ့်နေရာက xiu ရဲ့ အ​နောက်​တည့်​တည့်​မှာ
Hun - အန္တရာယ်​မများလွန်းဘူးလား
@@ - အဲ့ဒါ​ကြောင့်​ ဒီမိန်းက​လေး လုပ်​နိုင်​ပါ့မလား တစ်​ခုခုမှားသွားရင်​ နှစ်​​ယောက်​လုံးအသက်​​ပေး လိုက်​ရလိမ့်​မယ်
Baek - တခြားနည်းလမ်း မရှိ​တော့ဘူးလားဟင်
®® - အရမ်းကို ​နောက်​ကျ​နေပြီ
Kai - ရပါတယ်​ kai လုပ်​နိုင်​ပါတယ်
®® - ​ကောင်းပါပြီ အ​ရေးကြီးတာက chen နဲ့ မင်းရဲ့ ပုံရိပ်​​တွေက ဘာ အ​ကြောင်း​ကြောင့်​ပဲ ဖြစ်​ဖြစ်​ ​ပျောက်​မသွားဖို့ပဲ
Kai - nae.. စိတ်​ချပါ
@@ - ပြီး​တော့ baek က xiu ၀င်​ပူးလို့ လွယ်​တဲ့ ၀ိညာဉ်​မို့လို့ xiu ရဲ့ အာရုံက baek ဆီ​ရောက်​​နေနိုင်​တယ်​ အဲဒါ​ကြောင့်​ baek က သူ့ကို အာရုံလွှဲရင်း အချိန်​ဆွဲထား​ပေးပါ
Yeol - ဖြစ်​ပါ့မလား တစ်​ခုခုဖြစ်​သွားရင်​..
®® - ရပါတယ်​ မွန်းမတည့်​မီ သူ တခြားကိုယ်​ထဲ ၀င်​ဖို့ ခက်​ခဲလိမ့်​မယ်
Hun - ကျွန်​​တော်​တို့က​ရော ဘာလုပ်​​ပေးရမလဲ
®® - မင်းတို့ရဲ့ ကားကို ပြန်​ရှာပြီး ဒီ​နေရာကို ပြန်​လာခဲ့ပါ ကိစ္စ​တွေပြီးတာနဲ့ မင်းတို့အမြန်​ဆုံး ဒီ​နေရာက ထွက်​ခွာရလိမ့်​မယ်​ အချိန်​မရှိဘူး မြန်​မြန်​စ,ရ​အောင်
Yeol - nae

''GHOST of LOVE''Dove le storie prendono vita. Scoprilo ora