Yeol - ရေက ခဏခဏ ကုန်တော့ ၃ဘူးလောက် ယူသွားရအောင်
Lulu - အေးပါ..
Yeol - ဒါနဲ့ နင်ခုထိ မစွံသေးဘူးလား
Lulu - ဘာကိုလဲဟ အဆုံးမရှိအစမရှိ
Yeol - ကြည့်လေဟာ ငါနဲ့ baek နဲ့က တစ်တွဲ မကြာခင် chen နဲ့ kai နဲ့ကလည်း တွဲကြတော့မှာဆိုတော့ နင်နဲ့ hun နဲ့ပဲကျန်တော့တယ်
Lulu - ဘာဆိုင်လို့လဲဟ
Yeol - ငါ့ကို လိမ်လို့မရဘူးဆိုတာ မသိလို့လား hun ဘက်က စပြောတာကို စောင့်နေတာမှတ်လား နင်အိုသွားဦးမယ်နော် သူက ကြိုက်နေရင်တောင် ပြောမယ့်သူမျိုးမဟုတ်တော့ နင်အရင်စသင့်တယ်
Lulu - နင်နော် ပေါက်ကရအရမ်းပြော တော်တော့ ဆက်ပြောရင် ငါထုမိတော့မယ်Lulu ပြောရင်း လက်ရွယ်လိုက်ရာ လက်ထဲမှ ရေဘူး လွတ်ကျသွားသည်။
Yeol - ကဲ လုပ်ပြီ ဘွားတော် ရေဘူးတောင် မနိုင်ဘဲနဲ့
နှစ်ယောက်သား နောက်ပြောင်နေကြသည်။ ရေဘူး လှမ်းကောက်ရင်း အနီးနားတွင်သာ ပြုတ်ကျသွာသော ရေဘူး ရှာမတွေ့သည်မှာ ထူးဆန်းလှသည်။ [ဘာကြောင့်ပါလိမ့်]Lulu - တွေ့ပြီ ဘယ်နှယ့် ဒီစားပွဲ အောက်ထိရောက်ရတာပါလိမ့်
Yeol - ရေပါတော့ လိမ့်သွားတာနေမှာပေါ့Lulu လှမ်းကောက်လိုက်သည်။ စားပွဲဇောင်းတွင် ထွက်နေသော သံစက lulu လက်အား ညိသွားပြီး ရှသွားသည်။
Lulu - အား..
Yeol - ဘာဖြစ်တာလဲ
Lulu - လက် ရှသွားလို့
Yeol - သွေးတွေ အများကြီးပါလား သွေးတိတ်အောင် အရင်လုပ်ရမယ်
Lulu - ရတယ် ငါ့ဘာသာလုပ်လိုက်မယ်
Yeol - လာပါဟာ အချင်းချင်းတွေပဲ ဘာဖြစ်နေတာလဲLulu ၏ သွေးထွက်နေသော လက်ကလေးအား လက်ကိုင်ပုဝါဖြင့် သုတ်ပေးရင်း အ၀တ်စဖြင့် စည်းပေးရန် ပြင်နေချိန်တွင် အပေါ်ထပ်မှ ဆင်းလာသော baek မြင်ကာ လက်ထဲမှ ဖန်ခွက်လေး ပြုတ်ကျသွားသည်။
Baek - ဒါက ရေယူနေကြတာပေါ့လေ
Yeol - သြော်.. baek ကို ကလေ..
Baek - ဘာ ဆင်ခြေပေးဦးမလို့လဲ မထင်ခဲ့ဘူး lulu နင်ကလည်း ကိုယ့်သူငယ်ချင်းနဲ့ တွဲနေတာ သိလျက်သားနဲ့
Lulu - နေပါဦး နင်အခု ဘာကိုဆိုလိုတာလဲ နင်ပြောနေတဲ့ပုံစံက..
Baek - ဒါကတော့ နင်တို့ကို နင်တို့သိမှာပေါ့
Yeol - baek မင်း အထင်လွဲနေပြီ ကိုရှင်းပြမယ် luluက..
Baek - မျက်စိနဲ့ တက်အပ်မြင်တာ ဘာကို ရှင်းပြဦးမှာလဲ lulu နင်အရှက်မရှိဘူးလား
Lulu - baek နင့်စကားတွေ လွန်လာပြီနော်
Baek - သစ္စာဖောက်တွေ
ESTÁS LEYENDO
''GHOST of LOVE''
Fanficချစ်သူပြန်အလာကို စောင့်နေပြီး နှစ်ပေါင်းများစွာကြာမှ ပြန်ရောက်လာပေမယ် ဘ၀တွေခြားမှန်း သိလိုက်သောအခါ........