ဒါက ဒီတစ်ပတ်အတွင်းပြီးဖို့ လျာထားတယ်ပေါ့နော်။ ပြီးလဲပြီးခါနီးနေပါပြီ။ ဒါလေးက
အလှူတွက်ရေးပေးမယ်ပြောထားတာ အတော်လေး ကြာနေပြီဖြစ်လို့ နည်းနည်းအားစိုက်
လိုက်တာပါ။ ဒါပြီးရင် ပေါင်ပေ့ကို အရင်တစ်ခါလို လေးငါးခြောက်ပိုင်းဆက်တိုက် တင်ပေးပါ့မှာမို့ စိတ်မခုဖို့တောင်းဆိုချင်ပါတယ်။ပထမဆုံးပြောချင်တာ ဒါက ABO world ပေါ့နော်။ တော်တော်များများလဲ ရင်းနှီးကြမှာပါ။
နားလည်လွယ်အောင် အကြမ်းဖျင်းပဲ ရှင်းပြလိုက်ရရင် Alpha / Beta / Omega တွေရှိတာမှာ Alpha နဲ့ Omega ကလူဦးရေရဲ့အနည်းစုမှာပါတယ်။ Beta တွေကကျ သာမန်သူသူငါငါလိုပဲ။
ABO world တွေမှာက ဖန်တီးသူအပေါ်လိုက်ပြီး
ကိုယ်ပိုင် rules တွေချခွင့်ရှိတယ်ပေါ့နော်။
ဥပမာ တချို့ဟာတွေမှာက Alpha × Beta ဆို
ကလေးမွေးလို့မရဘူး။ ဒါပေမယ့် တချို့ဟာတွေမှာကျ Alpha × Beta ဆိုကလေးမွေးတယ်။
အဲ့လိုမျိုးပေါ့နော် တစ်ယောက်နဲ့တစ်ယောက်
စိတ်ကူးပေါ်လိုက်ပြီးမတူညီကြဘူး။ ABO က
အတော်လေးကျယ်ပြန့်ပြီး တစ်ခုချင်းစီ
လိုက်ရှင်းဖို့ကလဲ မဖြစ်နိုင်တော့ ယေဘုယျတူတဲ့
နားလည်လွယ်လောက်မယ့် အချက်လေးတွေပဲ
ပြောပြလိုက်တာပါ။ABO type မှာ Alpha တွေက လူ့အသိုင်းအဝိုင်းရဲ့ ဟိုးထိပ်ဆုံးမှာရှိတတ်ကြတာ typical မြင်ဖူးကြားဖူးနေကျပုံစံပေါ့နော်။ နည်းနည်းစပွိုင်းသလို ဖြစ်သွားလားမသိပေမဲ့ အညွှန်းဖတ်ရုံနဲ့တင် သိကြမှာပဲဆိုတော့ ပြောရရင် မီရေးတာမှာ Alpha ထက်ပိုမြင့်တဲ့ လူတန်းစားတစ်ရပ်ထည့်ထားပါတယ်။ Manga တွေဖတ်တဲ့သူဆို
ကြားဖူးလောက်မယ်ရယ်။ အဲ့လူတန်းစား
တစ်ရပ်ကဘာလဲ၊ ဘာတွေစွမ်းဆောင်နိုင်လဲ
ဆိုတာ ရေးရင်းနဲ့လဲနည်းနည်းစီရှင်းပြတာ
ပါမှာဖြစ်လို့ သေချာဖတ်ကြည့်ရင်သိမှာပါ။
ဆိုတော့ ဒီလောက်ပါပဲ။ဪ ပြီးတော့ အလှူငွေလေးလဲ ကောက်ခံ
ချင်ပါတယ်နော်။ ဘာလို့ဆို အခုဟိုဘက်တွေမှာ
အေးလာပြီဆိုတော့ ရဲဘော်တွေအတွက်
sleeping bag လေးတွေဝယ်ပေးချင်လို့ပါ။
သူကတစ်ခုကို 15000 လောက်ရှိတယ်ပြောတယ်ရယ်။ အသစ်တင်တိုင်း အလှူငွေကောက်နေမိတာ
မငြိုငြင်ကြပါနဲ့နော်။ မီကလဲ ဝင်ငွေသိပ်မရှိတဲ့
ကျောင်းသူဆိုတော့ တတ်နိုင်တဲ့သူများရှိရင်
500/ 1000 ကစလို့ ပါဝင်လှူဒါန်းလို့ရပါတယ်ရှင်🥺🥺🥺

STAI LEGGENDO
အလှလေးရဲ့ မဟေသီဖြစ်ခဲ့ရပြီ!!!
Fanfictionဒေါမနန့်အယ်လ်ဖာ ဝမ် : အလှလေး အလှလေး ကျန့်ကျန့် : အွန်း...ကိုယ်ကအလှလေး ဒေါမနန့်အယ်လ်ဖာ ဝမ် : ဒါဆို ငါကရော? အလှလေး ကျန့်ကျန် : မင်းက ကိုယ့်ရဲ့မဟေသီ ဒေါမနန့်အယ်လ်ဖာ ဝမ် : ဒါပေမယ့် ငါက ဒေါမနန့်အယ်လ်ဖာကြီးလေ အလှလေး ကျန့်ကျန့် : ဒေါမနန့်အယ်လ်ဖာ ဖြစ်လဲ မင...