လျှို့ဝှက်ခြင်းတေးသွားသံစဥ်
Part 6
Unicode
"နိုင့် အထင်တော့ ပေးစားလိုက်သင့်တယ်နော် ။ မိုးသားကလည်း လူကြီးလူကောင်း မို့ယုံရလောက်ပါတယ် ။ "
"ကိုယ်တွေဆုံးဖြတ်ချက်ထက် ကလေးတွေရဲ့ ဆန္ဒကလည်း အရေးကြီးတယ်လေ နိုင် "
ဖခင်အရင်းတစ်ယောက်ပေမဲ့ သားဖြစ်သူအား မေတ္တာသေချာမပေးနိုင်သောကြောင့် ဦးမိုးကောင်း စိတ်မကောင်းဖြစ်နေရသည်မှာ ယနေ့တိုင်သည်အထိပင်ဖြစ်သည် ။ ဇနီးဖြစ်သူကလည်း နှုတ်ကသာ သေချာမထုတ်ပြောပေမဲ့ သားမိုးစက်အား အိမ်တွင်ဆက်၍ထားချင်သည့်ပုံမပေါ်သည်ကို ရိပ်မိပါသည် ။
🎼🎼🎼
တံခါးစေ့ရုံသာစေ့ထားသဖြင့် မေမေတို့ဆွေးနွေးကြသည်အား တိမ်ယံ အခန်းအပြင်မှအတိုင်းသားကြားနေရသည် ။ ထို့ကြောင့် သူဆုံးဖြတ်ထားသည့်အတိုင်း မိုးစက် ရှိရာသို့ထွက်လာခဲ့သည် ။ ထုံးစံအတိုင်း ညဥ့်နက်မှသာအိပ်ရာဝင်တတ်သော ကောင်လေးသည် တစ်နေ့တာ ဖြစ်ရပ်များအား စာအုပ်ပေါ်တွင် သူ့ခြေထောက်လေးများအသုံးပြုကာရေးသားနေသည် ။
"ဘာခိုင်းချင်လို့လဲ အကိုလေး ။ ကျွန်တော် ဘာလုပ်.. "
အသင့်ယူလာသော မေ့ဆေးသုတ်ထားသည့် ပုဝါအား မိုးစက် မျက်နှာပေါ်သို့ အသာအုပ်လိုက်သည် ။ ထို့နောက် ခပ်ပေါ့ပေါ့ ခန္ဓာကိုယ်လေးအား ကားပေါ်သို့ရွှေ့ပြောင်းလိုက်သည် ။ ဒီကောင်လေး အမြဲကိုယ်နှင့်မကွာထားတတ်သည့် စာအုပ်လေးကိုလည်း သူယူဆောင်လာခဲ့သည် ။
လမ်းမီးရောင်များထိန်ထိန်သာသာနေသည့် ကားလမ်းမကြီးထက်တွင်တော့ အနက်ရောင်ကားငယ်လေးတစ်စီးသည်လည်း ပြေးသန်းလျက်...။
............................................................................................................
ဒေါ်မိမိနိုင် သားဖြစ်သူချန်ထားခဲ့သော စာကြောင့် မျက်လုံးတို့ပင်ပြာသွားရသည် ။ သူ(မ) တယုတယ အများထက်သာအောင်ထားပြီး စောင့်ရှောက်ခဲ့သော သားဖြစ်သူသည် အိမ်မှာအသုံးမဝင်သည့် ကောင်ကိုမှခိုးပြေးသွားခဲ့သည် မှာ ရင်ကိုဓားနှင့်အစိမ်းလိုက်ခွဲသကဲ့သို့ပင် ။ တိုက်တိုက်ဆိုင်ဆိုင် ချစ်ခွန်းချို ကလည်း အိမ်ရောက်လာကာ အကြောင်းစုံသိပြီး ငိုချင်းချနေရှာသည် ။ ကိုယ့်အပူနှင့်ကိုယ်မို့ ထိုမိန်းကလေးကိုလည်း နှစ်သိမ့်စရာစကားတို့ပင် ပျောက်ရှနေမိသည် ။
BẠN ĐANG ĐỌC
လျှို့ဝှက်ခြင်းတေးသွားသံစဥ် [ BL Short Story Completed ]
Truyện NgắnUnicode BL Short Story လေးပါ ။ ဖတ်ကြည့်ပြီးဝေဖန်ပေးနိုင်ပါတယ်နော် ။ ❣️❣️❣️ မွေးရာပါကိုယ်အဂ်ါမပြည့်စုံတဲ့ကောင်လေး..ဒီမိုးစက် နာမည်ကြီးအဆိုတော်ဖြစ်ဖို့ကြိုးစားနေတဲ့တက်သစ်စ..မိုးတိမ်ယံ နာမည်ကြီးတေးထုတ်လုပ်ရေးပိုင်ရှင်..မိုးသားညီ သူတို့သုံးဦးဘာတွေဆက်ဖြစ...