Part 2 ( Uni )

434 54 31
                                    

လျှို့ဝှက်ခြင်းတေးသွားသံစဥ်

Part 2

Unicode

" Sorry ! "

လောလောလောလောနှင့် Toilet ထဲဝင်ချင်သည့်စိတ်ကြောင့် အမြန်လျှောက်လာခဲ့ရာ အပေါက်ဝတွင် ကောင်ငယ်လေးတစ်ဦး နှင့်ဝင်တိုးမိသည်မို့ မိုးသား ယိုင်သွားသည့် ကောင်လေးအား လက်မောင်းမှနေ၍ ဆုပ်ကိုင်မိကာ တောင်းပန်စကားဆိုလိုက်သည် ။

"ဗျာ ဟုတ်ကဲ့ "

မိမိထက်ခေါင်းတစ်လုံးစာ ပိုမြင့်သည့် ထိုသူအားမော့ကြည့်လိုက်ရာ ညစဥ်ကြည့်နေကျနိုင်ငံခြားရုပ်ရှင်တွေထဲမှ မင်းသားလို့ပင်အထင်မှားလောက်အောင် မျက်လုံး ၊ မျက်ခုံး ၊ နှာတံ နှင့် နှုတ်ခမ်းတို့ကသေသပ်ပိရိစွာ လေ့ထောင့်မကျတကျရှိသည့် မျက်နှာနှင့်အလွန်လိုက်ဖက်ညီနေလေသည် ။ ငေးမိရာမှ အမြန် အသိစိတ်ကပ်ကာ အကိုလေး စောင့်နေသည့်  Car Parking ရှိရာသို့ ခပ်မြန်မြန်ထွက်လာခဲ့လိုက်သည် ။

"ကြာလိုက်တာကွာ ။ မြန်မြန်တက် ။ "

အလိုမကျစွာ ဖြစ်နေသည့် မျက်နှာအနေအထားကြောင့် မိုးစက် ကားပေါ်သို့အလျင်အမြန်တက်ကာပင် ငြိမ်ငြိမ်လေးထိုင်နေလိုက်သည် ။ ရှင်းပြရင်လည်း လက်ခံနားထောင်မည့် လူမျိုးမဟုတ်တာကြောင့် ဘေးပတ်ဝန်းကျင်ကိုသာငေးကြည့်နေခဲ့မိသည် ။

............................................................................................................

"မောင် , ဖုန်းခေါ်တာဘာလို့ပြန်မခေါ်ရတာလဲ ။ "

ချစ်ခွန်း နှင့် တိမ်ယံ တို့ဆယ်တန်းနှစ်တွင်ဘော်ဒါဆောင်အတူနေရင်းမှ သူငယ်ချင်းတွေ၏ မြှောက်ပင့်မှုဖြင့် ရည်းစားတွေဖြစ်ခဲ့ကြသည်မှာ အချိန်ကာလအားဖြင့် အခုဆို သုံးနှစ်တောင်ပြည့်ခဲ့ပြီ ။ အမြဲလိုလို ကိုယ့်ဘက်မှစတင်ကာ ချိန်းဆိုရသလို ကိုယ် ချစ်သလောက်လည်း မောင်ကပြန်ချစ်မလားဟု ချစ်ခွန်း တွေးနေမိသည် ။ တစ်ခါတလေ ဒီ Relationship ကြီးကိုသူမဘက်ကတင် စတင်ကာရပ်စဲချင်မိသည် အထိဖြစ်ပေါ်လာရသည် ။

"ဖုန်းခေါ်ထားတာလား ။ Sorry ပဲ ကို ဖုန်း မသုံးဖြစ်လို့.. "

30mins ago ဟုပြနေသည့် မောင့် ၏ Messenger မှ Status လေးကိုတော့ ချစ်ခွန်း မသိဟန်သာပြုလိုက်တော့သည် ။

လျှို့ဝှက်ခြင်းတေးသွားသံစဥ် [ BL Short Story Completed ]Tempat cerita menjadi hidup. Temukan sekarang