လျှို့ဝှက်ခြင်းတေးသွားသံစဥ်
Part 4
Unicode
"တီ...."
အဝေးသင်စာမေးပွဲတွေ ဖြေဆိုနေရပြီဖြစ်တာကြောင့် မိုးစက် လည်းစာမေးပွဲဝင်ဖြေဖြစ်သည် ။ ဒီနေ့ကတော့ နောက်ဆုံး ဘာသာရပ် ဖြေဆိုပြီးသည်မို့ အိမ်ပြန်ရန် ကားမှတ်တိုင် တွင် ကားအလာအားစောင့်နေခဲ့သည် ။ ဟွန်းသံရှည် ပေးကာ အရှေ့သို့ ထိုးရပ်လာသော ကားအား ကြည့်လိုက်တော့ အိမ်သို့လာနေကျ အကိုလေး ၏ Producer သူဌေး ဖြစ်နေသည် ။
"အိမ်ပြန်မှာမလား ညီလေး.. ကားပေါ်တက်လေ ။ အစ်ကို လည်း အဲဘက်သွားမှာမို့ လမ်းကြုံတယ် ။ "
မြေကွက်ရောင်းမည် ဟု ကြားသဖြင့် မြေနေရာလာကြည့်ရင်းအပြန် တက္ကသိုလ်ကျောင်းနားက မှတ်တိုင် တွင် ဒီမိုးစက် ဟူသောကောင်လေးကို တွေ့လိုက်သဖြင့် မိုးသား ကားပေါ်တက်ရန် ခေါ်လိုက်မိသည် ။
"ရပါတယ်ဗျ ။ သူဌေး သွားစရာရှိတာပဲသွားပါဗျ ။ ကျွန်တော် စီးနေကျ ကားလည်းမကြာခင်လာတော့မှာပါ ။ "
ဖြေသာဖြေလိုက်ရတယ် အမှန်တော့ ကားကပုံမှန်ရောက်လာသင့်သည့်အချိန်ထက် နောက်ကျနေသည်မှာ နာရီဝက်လောက်ပင်ရှိပြီဖြစ်သည် ။
"လမ်းကြုံနေတာကို လိုက်သွားလိုက်ပါ မိုးစက်ရယ် ။ ကားကနောက်ကျနေေတာ့ လာရင်တောင် လူကြပ်နေလောက်မှာ ။ နင် ပင်ပန်းနေမှာပေါ့ ။ "
ကောင်လေး နှင့် တူတူ ကားစောင့်နေကြသည့် အုပ်စုထဲမှ သွက်သွက်လက်လက်ဖြစ်ဟန်ရှိသည့် မိန်းကလေးတစ်ဦး မှလည်း လိုက်သွားရန်ပြောလာသည် ။
"အေးလေ..လိုက်သွားလိုက် ။ ငါတို့သာခေါ်ရင် ကားပေါ်တန်းရောက်နေလောက်ပြီ ။ "
အမြဲ စစနောက်နောက် ရှိသည့် စန္ဒီ ကလည်း ဝင်ပြောလာသည် ။ သူဌေး ကလည်း ကားရပ်ကာ ပြုံး၍ပင် တက်အလာအားစောင့်နေသည် ။
"ကျေးဇူးတင်ပါတယ်ဗျ ။ "
ကားတံခါး ကိုယ်တိုင် ဖွင့် ၊ ပိတ်ပေးသလို ခါးပတ်ပါပတ်ပေးလာသည်ကြောင့် မိုးစက် အားနာနာနှင့်ပင် ကျေးဇူးတင်စကားဆိုလိုက်သည် ။

ESTÁS LEYENDO
လျှို့ဝှက်ခြင်းတေးသွားသံစဥ် [ BL Short Story Completed ]
Historia CortaUnicode BL Short Story လေးပါ ။ ဖတ်ကြည့်ပြီးဝေဖန်ပေးနိုင်ပါတယ်နော် ။ ❣️❣️❣️ မွေးရာပါကိုယ်အဂ်ါမပြည့်စုံတဲ့ကောင်လေး..ဒီမိုးစက် နာမည်ကြီးအဆိုတော်ဖြစ်ဖို့ကြိုးစားနေတဲ့တက်သစ်စ..မိုးတိမ်ယံ နာမည်ကြီးတေးထုတ်လုပ်ရေးပိုင်ရှင်..မိုးသားညီ သူတို့သုံးဦးဘာတွေဆက်ဖြစ...