Part 3 ( Uni )

251 29 0
                                    

လျှို့ဝှက်ခြင်းတေးသွားသံစဥ်

Part 3

Unicode

ဒီနေ့ အိမ်ကိုတစ်လောကတွေ့ခဲ့သောတေးထုတ်လုပ်ရေးပိုင်ရှင် ကိုမိုးသား လာမည်ဆိုသောကြောင့် မိုးစက် အား အပြင်မထွက်လာစေရန် တိမ်ယံ မှာထားရသည် ။ နေ့လယ်ခင်း ထမင်းစားချိန်လောက်တွင်တော့ ခြံရှေ့သို့ ကိုမိုးသား၏ကားရောက်လာသည်ကို တိမ်ယံ အခန်းပြတင်းပေါက်မှနေ၍လှမ်းမြင်လိုက်သည် ။ ထို့ကြောင့် အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည် ။

"ထိုင်ပါ အစ်ကိုတို့ ။ "

ဂျာကြီးကလည်း အလိုက်သိစွာပင် ဧည့်ခံဖို့ အချိုပွဲကအစ ပြင်ထားပေးသည် ။

"OK ညီ ။ လာရင်း ကိစ္စကတော့ ဖုန်းထဲမှာပြောထားကြတဲ့အကြောင်းပါပဲ ။ လူချင်းတွေ့ပြီးပြောတော့ ပိုပြီးကောင်းမယ်ထင်လို့ပါ ။ "

မိုးသား , ကိုယ်သာကောင်းကောင်း Support ပေးလိုက်နိုင်ရင် အရင်ကနာမည်ရခဲ့သော အဆိုတော်များကဲ့သို့ပင် အောင်မြင်နိုင်ချေရှိသည်မို့ စာချုပ်ချုပ်ဆိုရန် လာခဲ့ခြင်းဖြစ်သည် ။

"ဟုတ်ကဲ့ ။ ကျွန်တော် လည်း ဂျာကြီး နဲ့တော့တိုင်ပင်ထားပြီးသားပါ အစ်ကို ။ "

နာမည်ကြီးတေးထုတ်လုပ်ရေးမှဆက်သွယ်လာသည်ဖြစ်တာကြောင့် တိမ်ယံ အတိုင်းမသိပင်ပျော်ရွှင်မိသည် ။ မိုးစက် နှင့်ကိစ္စသာ ကိုယ်တွေဘက်က ပိပိရိရိနှင့် လုပ်ဆောင်နိုင်လျှင် သူအလွန်တရာမျှော်လင့်ခဲ့ရသော အိမ်မက်သည် လုံးဝကို အကောင်အထည်ပေါ်လာတော့မှာဖြစ်သည် ။ ထို့ကြောင့် ညကတည်းက အသံသွင်းဖို့ နေရာအား ကိုယ့်သဘောကျဖြစ်စေရန်တိုင်ပင်ထားခဲ့ကြသည် ။

"ကဲ..ကိုမောင် , ကျွန်တော်တို့ဘက်က စာချုပ်လေးနဲ့ ခံစားခွင့်တွေကို တိမ်ယံ တို့သိအောင်ပေးဖတ်လိုက်ပါဦး ။ "

Email ပို့ထားပြီးဖြစ်သော်လည်း လူချင်းထပ်မံတွေ့ဆုံချိန်တွင် ကိုယ့်ဘက်ကနေအကုန်အသေးစိတ် မိုးသား ပြင်ဆင်လာခဲ့သည် ။

............................................................................................................

"လူလေး ဘာရပ်ကြည့်နေတာလဲ ။ "

လျှို့ဝှက်ခြင်းတေးသွားသံစဥ် [ BL Short Story Completed ]Donde viven las historias. Descúbrelo ahora