Part 5 ( Uni )

182 16 0
                                    

လျှို့ဝှက်ခြင်းတေးသွားသံစဥ်

Part 5

Unicode

"သမီးလေး ချစ်ခွန်း..စားရတာအဆင်ပြေရဲ့လားကွဲ့ ။ "

ဒေါ်မိမိနိုင် မွေးနေ့ဖြစ်သည်မို့ အိမ်တွင် ဘုန်းကြီးဆွမ်းကပ်ဖြစ်သလို အသိမိတ်ဆွေ အနည်းစုကိုလည်း နို့စိမ်းခေါက်ဆွဲ ဧည့်ခံဖြစ်သည် ။ ချစ်ခွန်း ကလည်း မနက်မိုးမလင်းခင်ထဲက အိမ်ရောက်လာကာ ဝိုင်းဝန်း ကူညီပေးနေပြီး အခုမှသာ စားနေသည့်မို့ တဖန်ပြန်ဧည့်ခံဖြစ်သည် ။

"ဟုတ်ကဲ့ အဆင်ပြေပါတယ် အန်တီ ။ အန်တီလည်းစားတော့လေ ။ "

"အန်တီက သမီးတို့စားနေတာမြင်ရတာနဲ့တင် ပီတိဖြစ်နေပါပြီကွယ် ။ "

သားဖြစ်သူနှင့် ရိုးရိုးသားသား တွဲလာတာကြာပြီဖြစ်သော မိန်းကလေး မို့ ဒေါ်မိမိနိုင် သဘောတူကြည်ဖြူမိပါသည် ။ ခေတ်လူငယ် မိန်းကလေးပေမဲ့ အိမ်မှုကိစ္စများလည်း နိုင်နင်းသလို လူကြီးတွေအပေါ်မှာလည်း သိတတ်ရိုသေလှပါသည် ။

"Happy Birthday အန်တီ ။ အလှူရေစက် လက်နဲ့မကွာ အမြဲလှူနိုင်တန်းနိုင်ပါစေဗျ ။ "

"ဪ..ပန်းစည်းကြီး မလိုပါဘူး မောင်မိုးသား ရယ် ။ လူကိုယ်တိုင်လာတာတင် အန်တီကကျေးဇူးတင်နေပါပြီ ။ "

ကျေးဇူးသိတတ်ပြီး ရိုးသားသောကောင်လေး ၏ မေတ္တာရပ်ခံချက်ကြောင့် တိမ်ယံ ကိစ္စအား မိုးသား စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ မသိချင်ယောင်ဆောင်ပေးဖြစ်ခဲ့သည် ။ ထို့အပြင် ထိုကောင်လေး၏စိတ်ထားလေးအား စကားပြောတာများလာလေ သူသဘောကျမိလာလေဖြစ်လာခဲ့သည် ။ ဒီနေ့လည်း ထိုကောင်လေး ကိုတွေ့ချင်သည့်စိတ်ဖြင့်သာ မွေးနေ့သို့ သူရောက်လာဖြစ်သည် ။

"ဟုတ်ကဲ့ပါ အန်တီ ။ ဒါနဲ့ မိုးစက်တစ်ယောက်ကော မတွေ့ပါလား ။ "

ရောက်လာကတည်းက အကဲခတ်မိသလောက် မိုးစက် အားမတွေ့သဖြင့် မိုးသား မေးလိုက်သည် ။

"ဪ.. အိမ်သားတွေကအလုပ်ရှုပ်နေကြတော့ ထုံးစံအတိုင်း တနေရာရာမှာ အချောင်ခိုနေမှာပေါ့ကွယ် ။ အဲကောင်လေးကသိပ်အပျင်းကြီးတာ..သား က ငယ်ငယ်ကတည်းက အဖော်မရှိလို့သာ သူ့အတွက်ခေါ်ထားပေးရတာလေ ။ "

လျှို့ဝှက်ခြင်းတေးသွားသံစဥ် [ BL Short Story Completed ]Donde viven las historias. Descúbrelo ahora